ညီမဖြစ်သူ သူဇာ၀င့်လွင်အပေါ် ဝေဖန်နေကြသူတွေကို ပြတ်ပြတ်သားသားနဲ့ ပြန်လည်ချေပရင်း အဖြစ်မှန်တွေ ပြောပြလာတဲ့ မေ

//s9.kh1.co/17/1788c07d20ec24dc8eb0557d084ac60b018941ef.jpeg
အနုပညာရှင်များ

 ၁၄-ဇွန်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလောမတည်ငြိမ်နေတဲ့အခက်အခဲအခြေအနေတွေကြားထဲကနေ မြန်မာနိုင်ငံကိုယ်စားပြု Miss Universeတစ်ယောက်အနေနဲ့ Miamiမှာ သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး Top 21ထိ၀င်ခဲ့တဲ့ အလှမယ်သူဇာ၀င့်လွင်ကိုပရိသတ်ကြီး သိကြမယ်ထင်ပါတယ်။ သူမက နိုင်ငံကိုယ်စားပြု Missတစ်ယောက်အနေနဲ့ Speak outလုပ်ခဲ့သူလည်းဖြစ်ပြီး မတည်ငြိမ်တဲ့နိုင်ငံရေးအခြေအနေတွေကြောင့် မြန်မာပြည်ကိုပြန်မလာဖြစ်တော့ပဲ နိုင်ငံခြားမှာပဲမော်ဒယ်လ်တစ်ယောက်အနေနဲ့ စတင်ရပ်တည်ဖို့ကြိုးစား‌နေတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=867,q=100/e7/e7e54b32e497927ee66930bb6a733fc0bf17726c.jpeg
https://s9.kh1.co/__image/w=650,h=488,q=100/47/4738a73d90ed32fa991d30c5ae2447f1032fffb7.jpeg

သူဇာ၀င့်လွင်က မကြာသေးခင်ကသူမရဲ့ Facebookစာမျက်နှာမှာ လော့အိန်ဂျလိစ်နိုင်ငံက Beverly Hills မြို့မှာရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေကို တင်လိုက်တာကြောင့် ပရိသတ်‌အချို့ရဲ့ဝေဖန်မှုရရှိခဲ့တာဖြစ်ပါတယ်။ ဒီလိုအဖြစ်အပျက်တွေကြောင့် မေဟာ သူမရဲ့ Facebookစာမျက်နှာကနေ "Pray for Myanmar နဲ့လုပ်စားသွားတယ်ဆိုသူတွေအတွက်.. ဟိုနေ့က အငယ်မ အလှပုံလေးတင်တော့ speak out မလုပ်လို့တဲ့ ဝင်ဆဲလိုက်ကြတာ ကိုယ့်လောကက လူတွေလဲပါတယ်.. ကြည့်နေရုံကလွဲစိတ်မကောင်းဘူး.. လုပ်စားတယ်ပြောလို့ ပိုစိတ်မကောင်းဘူးဖြစ်တယ်.. အခုလို အချိန်သူလဲ ဒီပြန်လို့မရတဲ့အချိန် သူ့ဘဝအတွက် ရပ်တည်ဖို့လဲ လုပ်ရသလို ကိုယ့်နိုင်ငံအတွက်လဲ အကျိုးရှိမယ့်အရာတွေလုပ်ပေးနေရတာပါ.. fb မှာ speak out မှတော်လှန်ရေး အောင်မှာလဲမဟုတ်တော့ပါဘူး....။

https://s9.kh1.co/__image/w=650,h=867,q=100/32/32853dc4c31efb7dff62fc7bfe29263d7399591f.jpeg
https://s9.kh1.co/__image/w=650,h=867,q=100/1e/1e6937116c499096840049f61cfa8e4b6385f597.jpeg

"ကျမတို့လဲ အရှေ့မှာ စွမ်းစွမ်းတမံ လုပ်ခဲ့တယ် တော်လှန်ရေးအတွက်… အခု ၅၀၅က ဘဝနဲ့ ပုန်းရှောင်နေရတယ်.. ဒီကိစ္စက နေရတာ အရမ်းလွယ်ကူတာတော့မဟုတ်ပါဘူး .. ဒုက္ခတွေ မညည်းချင်လို့ရယ်ပါ.. တစ်ခုခုဒုက္ခရောက်တဲ့အခါ အဲ့ဒီ့ဆဲနေ blame နေတဲ့သူတွေလဲမကယ်နိုင်ပါဘူး.. အဲ့တော့ fb မှာ ဖောရှော တော်လှန်ရေး လုပ်ခဲ့သူကလွဲလို့ တကယ်ဘဝတွေ ပေးဆပ်ထားပြီး လုပ်နေတဲ့ သူတွေကိုတော့ appreciate လုပ်ပေးကြပါ.. အဲ့လို အပြစ်တင်ဝေဖန်တဲ့သူတွေဟာ အခုတကယ် အဖမ်းခံထားရ ဝရမ်းပြေးဖြစ် အိမ်ပြေးဖြစ်နေတဲ့ celebrity တွေအတွက် လူစုပြီးတောင် သေချာလမ်းပေါ်ထွက် speak out ရဲပါသေးလား.. အဲ့တော့ တစ်ချို့အရာတွေအတွက် သိပ်အကုသိုလ်အဖြစ်မခံပါနဲ့.. ကိုယ်ရော ဘယ်ဟာအတွက် ထိရောက်စွာ ကူညီပေးနိုင်မလဲပဲတွေးပြီး ရှေ့ဆက်သွားပေးပါနော်......" ဆိုပြီး အဖြစ်မှန်ကိုပြန်လည်ရှင်းပြထားတာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

https://s9.kh1.co/__image/w=650,h=867,q=100/e7/e7977a8e3a1a4d0feaf48b70d740abad48c93aad.jpeg
https://s9.kh1.co/__image/w=540,h=811,q=100/d3/d32b8e5551eb49f64ea2b7adc5439373705fdc97.jpeg

သတင်း အရင်းအမြစ်Candy May

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T