ဂျပန်လွှတ်တော်အမတ် Mr.Ishibashi နှင့် ဂျပန်သတင်းထောက် Mr.Kitazumi တို့ကတောင် တက်ရောက်အားပေးခဲ့တဲ့ တိုကျိုမြို့က နွေးဦးတော်လှန်ရေးဆန္ဒပြပွဲကြီး

//s9.kh1.co/e0/e0fd4d751483e9fce1e73efcc3e381eb58ea1247.jpg
နေ့စဉ်သတင်းများ

 ၁၄-ဇွန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့အရေးကို ပြည်ပရောက် မြန်မာပြည်သူတွေကလည်း တက်တက်ကြွကြွ လူထုလှုပ်ရှားမှုတွေလုပ်ဆောင်နေသလို စစ်ဘေးရှောင်ပြည်သူများအတွက် အလှူငွေများ ကူညီထောက်ပံ့ပေးတာ တွေ့ရပါတယ်။ ယခုမှာလည်း ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဇွန်လ (၁၃)ရက်နေ့တွင် ဂျပန်ရောက်မြန်မာပြည်သူများက ဦးဆောင်ပြီး ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးအတွက် ဆန္ဒထုတ်ဖော်ပွဲကို အောင်မြင်စွာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ယင်း နွေးဦးတော်လှန်ရေး လမ်းလျှောက်ဆန္ဒထုတ်ဖော်ပွဲတွင် လူဦးရေ(၁၅၀) ကျော်လောက် ပါဝင်ခဲ့ပြီး TTAJ အဖွဲ့မှလည်း ပါဝင်အားဖြည့်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် မြန်မာ့အရေးအတွက် အင်တိုက်အားတိုက်ကြိုးပမ်းဆောင်ရွက်ပေးနေတဲ့ ဂျပန်အထက်လွှတ်တော်အမတ် Mr.Ishibashi နှင့် မြန်မာနိုင်ငံမှာဖမ်းဆီးခံရပြီး ပြည်နှင်ဒဏ်ပေးခံရတဲ့ ဂျပန်သတင်းထောက် Mr.Kitazumi တို့ကတောင် တက်ရောက်ခဲ့ပြီး မြန်မာပြည်သူတွေအတွက် အားပေးစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ဒီလမ်းလျှောက် ဆန္ဒထုတ်ဖော်ပွဲမှာတော့ မြန်မာပြည်သူများဟာ NUG အစိုးရကို နိုင်ငံတကာက တရားဝင် အသိအမှတ်ပြုရန်၊ G7 Summit တွင် မြန်မာ့အရေးကို အလေးထားဆောင်ရွက်ပေးပါရန်စတဲ့ ဆိုင်းဘုတ်များကို ကိုင်ဆောင်ပြီး သံပြိုင်ကြွေးကြော်သံများနဲ့အတူ အရေးတော်ပုံအောင်နိုင်ရေးအတွက်ချီတက် ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။ ဂျပန်ရောက် မြန်မာပြည်သူတွေရဲ့ လေးစားစရာ ဆန္ဒထုတ်ဖော်ပြသခဲ့တဲ့ မြင်ကွင်းကလည်း ပရိသတ်တွေအတွက် သဘောကျကျေနပ်မိမယ်လို့လည်း ထင်မိပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

သတင်း အရင်းအမြစ်Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T