အာဏာသိမ်းပြီးနောက် ကယားပြည်နယ်အတွင်း တိုက်ပွဲများကြောင့် သေဆုံးခဲ့ရသူ (၅၀)ဦးရဲ့ စာရင်းကို ထုတ်ပြန်လာခဲ့တဲ့ PKPF

//s9.kh1.co/35/35a9a967b6009588826e9ead20ca31df42865d38.jpg
နေ့စဉ်သတင်းများ

 ၁၃-ဇွန်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

ကယားပြည်နယ်အတွင်းမှာ စစ်ကောင်းစီနဲ့ မြို့ခံ ပြည်သူ့ကာကွယ်ရေးတပ်​​တွေအကြား ဖြစ်ပွာခဲ့တဲ့ တိုက်ပွဲများကြောင့် ဖေဖဝါရီလ (၁) နေ့ကနေစတင်ပြီး ယနေ့အချိန်ထိ သေဆုံးသူ (၅၀) ဦး ရှိလာခဲ့တယ်လို့ PKPF က စာရင်းများ ထုတ်ပြန်လာခဲ့ပါတယ်။ ၎င်း ထုတ်ပြန်ချက်များအရ ဒီးမော့ဆိုမြို့မှာ အများဆုံး (၂၈)ဦးသေဆုံးပြီး လွိုင်ကော်မှာ (၁၇) ဦး ၊ မိုးဗြဲမှာ (၃)ဦး ၊ ဖယ်ခုံမှာ (၁) ဦး နဲ့ ဘောလခဲမှာ (၁)ဦးဆိုပြီး ဖော်ပြထားတာ တွေ့ရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ကယားပြည်နယ်အတွင်း လူ(၅၀)လောက်သေဆုံးခဲ့ရတဲ့ ဖြစ်စဥ်များတွင် စစ်ကောင်စီတပ်တွေနဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော်များ၊ လက်နက်ကြီးတွေထိမှန်ပြီး သေဆုံးခဲ့ရတဲ့ ပြည်သူများ၊ စစ်ရှောင်စခန်းတွေမှာ ဆေးဝါးမလုံလောက်မှုကြောင့် ဖျားနာပြီး သေဆုံးခဲ့တဲ့ ကလေးသူငယ်တွေနဲ့ အသက်အရွယ်ကြီးများအပြင် ယင်းစစ်ရှောင်စခန်းတွေအတွက် ရိက္ခာများသယ်ယူပို့ဆောင်ပေးရင်း သေဆုံးသွားတဲ့ ပြည်သူတွေပဲဖြစ်ပါတယ်။ ဇွန်လ (၁၁)ရက်နေ့တစ်ရက်ထဲမှာပဲ စစ်ကောင်စီမှ ပစ်ခတ်မှုကြောင့် ပြည်သူ (၉) ဦး သေဆုံးသွားခဲ့တယ်လို့ ကြားသိရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ကယားပြည်နယ်အတွင်းရှိ စစ်ရှောင်စခန်းကို သွားရောက်လှူဒါန်းပေးမယ့် ဆန် နဲ့ ဆေးဝါးများအပြင် ကားနှစ်စီးကို စစ်ကောင်စီက မီးရှို့ဖျက်စီးခဲ့တဲ့ မှတ်တမ်းတင်ပုံရိပ်တွေကလည်း လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့တာ တွေ့ရပါတယ်။ ယခုဆိုရင် ကယားပြည်နယ်မှာ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို ပိုမိုလုပ်ဆောင်လာပြီး အင်မတန်စိုးရိမ်းရတဲ့ အခြေအနေတစ်ခုကို ရောက်ရှိနေတာကြောင့် ပြည်သူများကလည်း ဆုတောင်းပေးနေကြတာ တွေ့ရပါတယ်။ ကယားပြည်နယ်အတွင်း သေဆုံးခဲ့သူ (၅၀)ဦးရဲ့ စာရင်းများကို ပရိသတ်တွေအတွက် အောက်မှာ ပြန်လည် ဖော်ပြပေးထားပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload

သတင်း အရင်းအမြစ်Source - PKPF

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T