အမြန်ယာဉ်တိမ်းမှောက်မှုတွင် သေဆုံးသွားသောသူများ၏ ရုပ်အလောင်းအား ရွာထဲသို့အဝင်မခံ

သည်လ ၁၅ ရက်နေ့က အောင်စိုးမိုးကျော် ၂ အမြန်ယာဉ်တိမ်းနစ်မြုပ်မှုကြောင့် ခရီးသည် ၇၀ ကျော် သေဆုံးခဲ့ပြီး ထိုထဲတွင် ကျောင်းဆရာမလေးများလည်း ပါဝင်ခဲ့ပါတယ်။ တကယ်ကို စိတ်မကောင်းဝမ်းနည်းဖြစ်ခဲ့ရပါတယ်။ ဒါထက် ပိုပြီးဝမ်းနည်းစရာကောင်းတာကတော့ သေဆုံးသူများရဲ့ရုပ်အလောင်းတွေကို ရွာထဲသို့အဝင်မခံခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ ရှေးရိုးစွဲအယူအဆတစ်ခုဖြစ်ပေမဲ့ တစ်ချို့ဒေသတွေ လက်ခံကျင့်သုံးနေဆဲဖြစ်တယ်ဆိုတာကို ယခုမျက်မြင်ပဲဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး ခိုက်ရန်ဖြစ်ပွားသည်အထိ ငြင်းခုန်မှုများ ဖြစ်ပေါ်လာခဲ့ပါတယ်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ကျိုက်ထော်စံပြကျေးရွာမှာ ဖြစ်ပွားခဲ့တာပါ။ ဒီရွာမှာ တောင်ပိုင်းနဲ့ မြောက်ပိုင်းဆိုပြီး နှစ်ခြမ်းရှိပါတယ်။ ဟိုးအရင်တုန်းက အစဉ်အလာတွေအရ မြောက်ပိုင်းမှာ လူသေခဲ့လျှင် အသုဘရုပ်အလောင်းကိုု ရေနှင့်မျှောရတဲ့ ဓလေ့ရှိပါတယ်။ တကယ်က လမ်းမကောင်းလို့မဟုတ်ပါဘူး။ အသုဘရုပ်အလောင်းကို တောင်ပိုုင်းမြေပေါ်ကဖြတ်သွားလျှင် လူများစွာသေတတ်တယ် ခိုက်တတ်တယ် ဆိုတဲ့ ရှေးရိုးစွဲအယူအဆတွေကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ ဦးကျော်သူနာရေးအသင်းက ထိုရွာသို့ အအေးခန်းကားတစ်စီး အသုဘတင်ဆောင်ရန် လှူဒါန်းခဲ့ပါတယ်။ ဒါ့ကြောင့် မြောက်ပိုုင်းကလူတွေကလည်း သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေကို ကားနဲ့ဖို့မယ််ဆိုပြီးလုပ်ကြတာပေါ့။ ဒါကို တောင်ပိုင်းကလက်မခံဘဲ ရုန်းရင်းဆန်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။ မြောက်ပိုင်းကလည်း မရမကပို့ကြ တောင်ပိုင်းကလည်း မရမက လူအင်အားအလုံးအရင်းနဲ့ ပိတ်ဆို့ထားကြရင်း နောက်ဆုံးအသုဘအခေါင်းကြီး လမ်းပေါ်ပြုတ်ကြတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ရဲဝန်ထမ်းများနှင့် မြို့နယ်လူကြီးများက အချိန်ယူဖြေရှင်းပေးသော်လည်း လုံးဝလက်မခံဘဲ လူပေါင်းများစွာ ခိုက်ရန်ဖြစ်ပွားခဲ့ကြ စိတ်ဝမ်းတွေကွဲခဲ့ရပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကဘာလဲ။ ဘာကြောင့် သူတစ်ပါးတွေ သေလို့မိသားစုကျန်ရစ်သူတွေ ဝမ်းနည်းပူဆွေးနေချိန်မှာ ဒီလိုလုပ်ရက်ကြတာလဲ။ ဒါဟာတကယ်တမ်းကျ မဖွ့့ံဖြိုးသေးတဲ့ စာမဖတ်တဲ့ လူတွေကြောင့်ပါ။ ပြီးတော့ ဒီလိုအယူအဆမျိုးတွေဟာ ဘုရားဟောဒေသနာတော်တွေမှာလည်း ဖော်ပြထားခြင်းမရှိပါဘူး။ သေဆုံးသွားသူတွေနဲဲ့ ကျန်ရစ်သူမိသားစုတွေအတွက်တော့ တကယ်ကို စိတ်မကောင်းဝမ်းနည်းဖြစ်ရပါတယ်။

Source: Facebook

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။