ဒုက္ခရောက်နေတဲ့ ကရင်နီပြည်သူတွေအတွက် တော်လှန်ရေးမှာ မပါဝင်ကြတဲ့ ကလလတ BGF နဲ့ ကယန်းပြည်သစ်တပ်တွေကို တောင်းဆိုလာတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/39/39d85912c101da9155c8e323f54ba00c28004ebe.jpg
နေ့စဉ်သတင်းများ

 ၁၃-ဇွန်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ကယားပြည်နယ်၊ ဒီးမော့ဆိုကမြို့မှာ မေလ(ပိုင်း)လောက်ကနေစတင်ကာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်PDF၊ ကရင်နီတပ်မတော် KNPP တို့အကြား နေ့စဥ်ဆိုသလို တိုက်ပွဲတွေဖြစ်ပွားနေတာ ဖြစ်ပါတယ်။ ယင်းတိုက်ပွဲတွေကြောင့် နှစ်ဘက်တပ်တွေမှာ အကျဆုံးအများအပြားရှိခဲ့သလို အိုးအိမ်တွေကို စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံပြည်သူများ သောင်းနဲ့ချီပြီးရှိလာခဲ့တာကိုလည်း တွေ့မြင်ရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

လတ်တလောမှာလည်း စစ်ကောင်စီက ကယားပြည်နယ်ကို အင်အားအလုံးအရင်းဖြင့် အရပ်လေးမျက်နှာကနေ ထိုးစစ်ဆင်တိုက်ခိုက်နေတာကိုလည်း တွေ့ရပါတယ်။ ဒီလိုစစ်ကောင်စီက အင်အားဖြည့်တင်းလာတာကြောင့် ပိုမိုတိုက်ပွဲတွေပြင်းထန်လာမှာကို စိုးရိမ်းပြီး ဒေသခံပြည်သူများဟာ အခက်အခဲတွေကြားကနေ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ကြားသိရပါတယ်။ ကယားပြည်နယ်မှာ လူငယ်များစုကဖွဲ့စည်းထားတဲ့ PDFတပ် အပါအဝင် KNPPတပ်မတော်၊ ကလလတ BGF တပ်နဲ့ ကယန်းပြည်သစ်တပ် စတဲ့ လက်နက်ကိုင်များစွာ ရှိတဲ့အနက် PDFနဲ့ KNPP တပ်တွေကသာ အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ယခုမှာလည်း ကယားပြည်နယ်မှာ PDFနဲ့ KNPPတပ်တို့က အသီးသီးစုပေါင်းပြီး စစ်အာဏာရှင်တွေကို တော်လှန်တိုက်ခိုက်ရင်း တိုက်ပွဲတွေကြောင့် ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေရဲ့ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ပေးဖို့ တော်လှန်ရေးမှာ မပါဝင်ကြတဲ့ ကလလတ BGF နဲ့ ကယန်းပြည်သစ်တပ်တွေကို ကရင်နီပြည်သူတစ်ယောက်က သူ့ရဲ့စိတ်ဆန္ဒတွေကို တောင်းဆိုလာခဲ့ပါတယ်။ ကရင်နီပြည်သူတစ်ယောက်ရဲ့ တောင်းဆိုချက်တွေကိုတော့ ပရိသတ်တွေပြည်လည်း ဖတ်ရှု့လို့ရအောင်အောက်မှာဖော်ပြပေးထားပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload

သတင်း အရင်းအမြစ်Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T