အမေစုရဲ့တန်ဖိုးကြီးမားလွန်းတဲ့ ကျေးဇူးတွေနဲ့သူ့ဘဝရဲ့အပင်ပန်းဆုံးအချိန်တွေကိုပြောပြကာ ကတိသစ္စာပြုလိုက်တဲ့ တိုင်းကျော်

//s9.kh1.co/6e/6e0522c6b2c9156ac8446b5ed330b10ad8cdacb1.jpg
အနုပညာရှင်များ

 ၁၂-ဇွန်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

လူရွှင်ဝောာ်တိုင်းကျော်က သူ့ရဲ့ညီအစ်ကိုမိတ်ဆွေတွေဖြစ်တဲ့ ဟားငါးကောင်နဲ့အတူ လွတ်မြောက်နယ်မြေကိုရောက်ရှိနေတာဖြစ်ပြီး Gen Zလူငယ်လေးတွေနဲ့အတူ စစ်ပညာသင်ယူနေတာဖြစ်ပါတယ်။ တိုင်းကျော်တို့အဖွဲ့က တောထဲတောင်ထဲမှာ နေစရာအိမ်ကအစကိုယ်တိုင်ဆောက်ပြီး အခက်အခဲဒုက္ခတွေကြားထဲကနေ တိုင်းပြည်ကာကွယ်ဖို့အတွက် စစ်ပညာသင်ယူနေကြတာပါ....။

Photo credit-Taingkyaw's Facebook acc
Photo credit-Taingkyaw's Facebook acc
Photo credit-Taingkyaw's Facebook acc
Photo credit-Taingkyaw's Facebook acc

ပြည်သူချစ်အနုပညာရှင်အဖြစ်ကနေ အခုလိုမျိုး ပြည်သူကိုအကာအကွယ်ပေးတဲ့ အနုပညာရှင်အနေနဲ့ရပ်တည်ခဲ့တဲ့ တိုင်းကျော်ရဲ့သတ္တိကတော့ လေးစားစရာကောင်းပါတယ်။ အခုဆိုရင်လည်းတိုင်းကျော်က တောထဲမှာစစ်ပညာသင်ယူနေရင်း သူကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်လေးနဲ့ အတွေ့အကြုံလေးကို လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားမျှဝေလာခဲ့ပါတယ်....။

Photo credit-Taingkyaw's Facebook acc
Photo credit-Taingkyaw's Facebook acc
Photo credit-Taingkyaw's Facebook acc
Photo credit-Taingkyaw's Facebook acc

တိုင်းကျော်က "ဒီနေ့ မနက် ၁၀နာရီ ၄၀ မိနစ် ကနေ၃နာရီ ၂၀ မိနစ် ဟာ ကျွန်တော့်တသက်မှာ?အပင်ပန်း ဆုံးနဲ့ တန်ဖိုး အရှိဆုံး အချိန်ပါဘဲ?ကျေးဇူးပါ ?အမေ အောင်ဆန်းစုကြည်

အမေပေးတဲ့အမွေက အရမ်းတန်ဖိုးကြီးပါတယ်

ဒီ့ထက် ကြိုးစားပါ့မယ်အမေရှင်သန်ဖို့ကျန်တဲ့ ရက်တိုင်းကို အဓိပ္ပာယ်ရှိရှိ ရှင်သန်ပါ့မယ် အမေ နှလုံးစိတ်ဝမ်းအေးချမ်းပါစေအမေ......လူရွှင်တော် တိုင်းကျော် ( ဟား၅ကောင် )" ဆိုပြီးရေးသားထားတာပါ။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Photo credit-Taingkyaw's Facebook acc
Photo credit-Taingkyaw's Facebook acc
Photo credit-Taingkyaw's Facebook acc
Photo credit-Taingkyaw's Facebook acc

သတင်း အရင်းအမြစ်Taingkyaw's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T