မြစ်ကြီးနားရှိ လမ်းမကြီးတချို့မှာ ညပိုင်းအချိန် သွားလာခြင်း မပြုလုပ်ကြဖို့ ခရီးသွားပြည်သူများကို သတိပေးထုတ်ပြန်လာခဲ့တဲ့ KIA

//s9.kh1.co/e6/e60c7d84fca6934cf547ece88558053a143567f4.jpg
နေ့စဉ်သတင်းများ

 ၁၁-ဇွန်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

မြစ်ကြီးနားက လမ်းမတချို့ကို ညပိုင်းခရီးသွားလာခြင်းမပြုလုပ်ဖို့ အများပြည်သူများကို ဇွန်လ (၁၁)ရက်နေ့ ယနေ့ ထုတ်ပြန်ချက်မှာ KIAက သတိပေးလာခဲ့တယ်လို့လည်း သိရပါတယ်။ KIA ရဲ့ ထုတ်ပြန်ချက်မှာတော့ ၎င်းတို့အမှတ်(၁၄)တပ်ရင်း နယ်မြေအတွင်းမှာ နေထိုင်ကြတဲ့ အများပြည်သူတွေနဲ့ အခြာနေရာဒေသမှ သွားလာနေရတဲ့ ပြည်သူများကို မြစ်ကြီးနားမှ တနိုင်း လီဒိုလမ်းတစ်‌လျှောက် နှင့် အခြားသွားလာနိုင်တဲ့ လမ်းကြောင်တစ်လျှောက် ခရီးသွားလာခြင်းကို ည (၇)နာရီကနေ မနက် (၅ )နာရီအတွင်း ခရီးသွားလာခြင်းကို မပြုလုပ်ကြဖို့ သတိပေးထုတ်ပြန်ထားတာ တွေ့ရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ဒါ့အပြင် မည်သည့်ကားတွေမဆို သတ်မှတ်ထားတဲ့ နယ်မြေအတွင်းမှာ အာဏာသိမ်း စစ်ကောင်စီရဲ့ စစ်ပစ္စည်း၊ လက်နက်၊ ခဲယမ်းနှင့် စားနပ်ရိက္ခာတွေကို သယ်ယူလာခြင်းမပြုလုပ်ဖို့ကိုလည်း ထုတ်ပြန်ထားခဲ့ပါတယ်။

၎င်းတို့ရဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာမှုမရှိသူများဟာ ဖြစ်လာတဲ့ ပြဿနာတွေကို KIA က တာဝန်ယူမည်မဟုတ်ကြောင်းကိုလည်း ရေးသားထားတာ တွေ့ရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ယနေ့ မနက် (၇) နာရီခန့်လောက်မှာလည်း ဝိုင်းမော်မြို့နယ် ဆဒုံးကျေးရွာအနီး (၁၃) မိုင်တွင် စစ်ကောင်စီတပ်တွေကို KIA တပ်တွေက ဝင်ရောက်ပစ်ခတ်ပြီး တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ပျံ့နှံ့လာတဲ့ သတင်းများအရ စစ်ကောင်စီမှ အင်အား (၆၀)ခန့်လောက်သာရှိတာကြောင့် KIA က ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ယင်းတိုက်ပွဲကြောင့် နှစ်ဘက်တပ်တွေရဲ့ အကျအဆုံးကိုတော့ လက်ရှိအချိန်ထိ အတည်မပြုရသေးဘူးလို့လည်း သိရပါတယ်။

သတင်း အရင်းအမြစ်Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T