ဖေဖော်ဝါရီ ၁ရက်နေ့ကတည်းက အာဏာသိမ်းထားတဲ့ စစ်အစိုးရကို ပြည်သူတွေ‌ဟာ နေရာဒေသအသီးသီးမှာ ဆန့်ကျင်ဆန္ဒပြနေကြတုန်းပါပဲ။ ဆန္ဒပြရာမှာလည်း အမျိုးမျိုးသော Campaign များပြုလုပ်လျက် ပြကြလေ့ရှိပြီး နေပူမိုးရွာမရှောင် အာဏာရှင်ကို ဆန့်ကျင်လျက်ရှိပါတယ်။

Photo Credit-Orginal Upload

ခုဆိုရင်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့မှာ နံနက်ခင်း ဈေးလမ်းမကြီးတစ်လျှောက် စစ်အာဏာရှင် အပြီတိုင်ကျဆုံးရေး လှုပ်ရှားမှုများကို ပြုလုပ်ခဲ့ကြပါတယ်။ ယခုလှုပ်ရှားမှုဟာ သာမန်လှုပ်ရှားမှုလိုမ‌ျိုး လူများစုဝေစရာမလိုပဲ ဈေး၀ယ်ရင်း ဖြတ်လျှောက်သွားဖို့ပဲလိုပါတယ်။

Photo Credit-Orginal Upload
Photo Credit-Orginal Upload

ပြည်သူတွေအနေနဲ့ ဈေးလမ်းတစ်လျှောက်မှာ စစ်အာဏာရှင်ရဲ့ ပုံများကို ကပ်ထားတာကြောင့် ဖြတ်နင်းသွားရုံပါပဲ။ ပြည်သူတွေအတွက် ယခုအာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကတော့ အလုပ်နှစ်ခုကို တပြိုင်တည်းပြီစေပါတယ်။ နံနက်ခင်းစျေးလမ်းမကြီးတစ်လျှောက် စစ်အာဏာရှင်အပြီးတိုင်ကျဆုံးရေး လှုပ်ရှားမှုပုံရိပ်များကို ပြန်လည်မျှဝေရင်း ပြည်သူတွေဘေးကင်းဖို့ ဆုတောင်းပေးလိုက်ပါတယ်။

Source & Photo Credit-Orginal Upload

Photo Credit-Orginal Upload
Photo Credit-Orginal Upload
Photo Credit-Orginal Upload
Photo Credit-Orginal Upload
Photo Credit-Orginal Upload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။