ဖိနှိပ်မှုတွေနဲ့ ဖမ်းဆီးထိန်းသိမ်းမှုတွေ များပြားနေပေမယ့် ပြည်သူတွေရဲ့ အာဏာရှင်စနစ် တော်လှန်ရေး သပိတ်စစ်ကြောင်းတွေကတော့ အဆက်မပြတ် ထွက်ပေါ်နေကြဆဲဖြစ်ပါတယ်။ လူငယ် မျိုးဆက်သစ်တွေကလည်း ရပ်တည်ချက် ခိုင်မာစွာနဲ့ လှုပ်ရှားမှုတိုင်းကို ရှေ့ဆုံးကနေ ဦးဆောင်နေကြတာလည်း တွေ့ရပါတယ် ။ တော်လှန်ရေးကြီးက အဆုံးထိ တိုက်ရမယ့် တိုက်ပွဲ ဖြစ်လို့ ပြည်သူတွေက အခက်အခဲတွေကို ရင်ဆိုင်ကာ ဇွဲမာန် အပြည့်နဲ့ တိုက်နေကြတာပါ။ 

Photo Credit - Original Upload
Photo Credit - Original Upload

တစ်ချို့ လူငယ်တွေဆို ယုံကြည်ချက်တွေ ပြင်းထန်တာကြောင့် တိုင်းရင်းသား အဖွဲ့အစည်းတွေထဲ ဝင်ကာ ကိုယ့်တိုင်းပြည်နဲ့ လူမျိုးအတွက် ကာကွယ်ပေးနေကြပါပြီ ။ ဒီတော်လှန်ရေးကြီးမှာ ဘယ်လိုနေရာ ဘယ်လိုပုံစံမျိုးနဲ့ပဲ ပါဝင်ကြပါစေ ပြည်သူအားလုံးကတော့ အမြဲလေးစားလျက်ရှိနေပါတယ် ။ ဒါ့အပြင် တစ်ယောက်နဲ့ တစ်ယောက်လည်း အရမ်းစည်းလုံးကြပြီး တစ်ခုခုဆို ညီညီညွတ်ညွတ်နဲ့ သစ္စာရှိရှိ ပူးပေါင်းပါ​ဝင် ဆောင်ရွက်နေကြတာပါ ။ 

Photo Credit - Original Upload
Photo Credit - Original Upload

သပိတ်တွေဆိုရင်လည်း ဒီနေ့အထိ ရရင်ရသလို လူအင်အား နည်းနည်းနဲ့ပဲ လှုပ်ရှားနေကြဆဲပါ ။ ယနေ့ ဇွန်လ (၁၁) ရက်နေ့မှာလည်း မန္တလေးက လူငယ်တွေ စုပေါင်းပြီး အတားအဆီးတွေကို မမှုဘဲ အားဏာရှင် စနစ်ကို အလိုမရှိကြောင်း အားမာန် အပြည့်နဲ့ လမ်းမထက်မှာ ချီတက် လှုပ်ရှားခဲ့ကြပါတယ် ။ ဒီသပိတ်မှာ “အောင်မြေသာစံ” ပညာရေးကျောင်းပေါင်းစုံ၊ သမဝါယမ တက္ကသိုလ်‌ ကျောင်းသား၊ ကျောင်းသူများ၊ အထက (၂၄) ကျောင်းသားများသမဂ္ဂ စတဲ့ ကျောင်းပေါင်းစုံ ပူးပေါင်းပါဝင်ခဲ့ကြပါတယ် ။ ပရိသတ်ကြီးအတွက် မန္တလေး ကျောင်းပေါင်းစုံ သပိတ် လှုပ်ရှားမှုပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ် ။

Photo Credit - Original Upload
Photo Credit - Original Upload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။