ကျန်းမာရေးမကောင်းပေမယ့် ရှောင်ပုန်းနေရတာကြောင့် ဆေးခန်းပြလို့ မရတဲ့ သူ့ရဲ့အခြေအနေတွေကို ပြောပြလာတဲ့ ကျော်ကျော်နန္ဒ

//s9.kh1.co/82/822957f961d950b9962493bb8374c601a73e845b.jpeg
အနုပညာရှင်များ

 ၁၀-ဇွန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

..

အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ကျော်ကျော်နန္ဒကတော့ လူထုလှုပ်ရှားမှုတွေကို အင်တိုက်အားတိုက်လုပ်ဆောင်မှုတွေကြောင့် အမှုဖွင့် အရေးယူခြင်းခံထားရတဲ့ အနုပညာရှင်တွေထဲက တစ်ဦးအပါအဝင်ပါပဲ..။

ကျော်ကျော်နန္ဒကတော့ ပြီးခဲ့တဲ့ လပိုင်းတွေကတော့ ၅၀၅ က ဖြင့် အမှုဖွင့်ဝရမ်းထုတ်ခံထားတာ ဖြစ်ပြီး အကြမ်းဖက်မှုတွေကြောင့် လက်ရှိမှာ ရှောင်တိမ်းနေရတာ ဖြစ်ပါတယ်..။

Photo Credit - Kyaw Kyaw Nada's Fb Acc
Photo Credit - Kyaw Kyaw Nada's Fb Acc
Photo Credit - Kyaw Kyaw Nada's Fb Acc
Photo Credit - Kyaw Kyaw Nada's Fb Acc

ကျော်ကျော်နန္ဒကတော့ လတ်တလောမှာ ကျန်းမာရေးမကောင်းလို့ ကုသမှုတွေ ခံယူချင်ပေမယ့် ရှောင်ပုန်းနေရတာကြောင့် ဆေးခန်းပြလို့ မရတဲ့ သူ့ရဲ့အခြေအနေတွေကို စိတ်မကောင်းစွာ ပြောပြလာပါတယ်..။

အခြေအနေတွေအရပ်ရပ်ကြောင့် ကိုယ်တိုင်က ကျန်းမာရေးမကောင်းလို့ ပင်ပန်းနွမ်းနယ်နေပေမယ့် ပြည်သူပရိသတ်တွေကိုလည်း ကိုဗစ်ရောဂါ ကြိုတင်ကာကွယ်ထားကြဖို့ကိုလည်း တိုက်တွန်းထားပါသေးတယ်..။

Photo Credit - Kyaw Kyaw Nada's Fb Acc
Photo Credit - Kyaw Kyaw Nada's Fb Acc

"မိဘလုပ်သားပြည်သူအပေါင်း ကိုဗစ်ကို ကာကွယ်ထားကြပါနော် ကျနော်ခုနေမကောင်းဘူး

နေမကောင်းပေမယ့် ပုန်းနေရလို့ ဆေးခန်းပြခွင့်မရှိပါဘူး.." ဆိုပြီး ကျော်ကျော်နန္ဒက ပြောပြထားတာ ဖြစ်ပါတယ်..။

အရေးတော်ပုံကြီး အောင်မြင်ဖို့အတွက် တော်လှန်ရေးတိုက်ပွဲကြီးမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်ခဲ့တဲ့ ကျော်ကျော်နန္ဒကိုတော့ ပရိသတ်တွေကလည်း စိတ်ပူစွာ အားပေးစကားတွေ ပြောထားကြတာ တွေ့ရပါတယ်..။

Photo Credit - Kyaw Kyaw Nada's Fb Acc
Photo Credit - Kyaw Kyaw Nada's Fb Acc

သတင်း အရင်းအမြစ်Kyaw Kyaw Nada's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T