တိုင်းပြည်ကို ကယ်တင်ရမယ်ဆိုတဲ့ စိတ်နဲ့ နေ့မနားညမနား စစ်ပညာကို ပြင်းပြင်းထန်ထန် လေ့ကျင့်သင်ယူနေကြတဲ့ GZ လူငယ်တွေရဲ့ ဗီဒီယို

//s9.kh1.co/fc/fc14d0e0981293d6a5e6f88b47c2dfca1050f3fb.jpg
နေ့စဉ်သတင်းများ

 ၀၉-ဇွန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေပြုလုပ်ရင်း သေဆုံးသူ (၈၀၀)ကျော် နဲ့ ဖမ်းဆီးခံထားရသူ (၅၀၀၀)နီးပါးလောက်ရှိလာခဲ့ပေမယ့် လက်ရှိအချိန်ထိ နေရာသေဒတချို့တွေမှာ GZ လူငယ်တွေက လူထုလှုပ်ရှားမှုတွေကို နည်းမျိုးစုံနဲ့ ဆက်လက် လုပ်ဆောင်နေဆဲပါ။ လက်ရှိမှာတော့ ပြည်သူတွေကို ကိုယ်စားပြုတဲ့ NUG အစိုးရက ပြည်သူ့တပ်မတော်တစ်ခုကိုဖွဲ့စည်းလာခဲ့ပြီး လွတ်မြောက်နယ်မြေတွေမှာ စိတ်အားထက်သန်တဲ့ GZ လူငယ်တွေကို စစ်ပညာများ သင်ကြားပေးနေတာလည်း တွေ့ရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload

တောတောင်ထူထပ်တဲ့ နေရာတွေမှာ အနေအထိုင် ၊ အစားအသောက်ဒုက္ခခံကာ ခက်ခဲကြမ်းတမ်းစွာ  နည်းစနစ်တကျ စစ်ပညာလေ့ကျင့်သင်ကြားပြီးတဲ့ GZ လူငယ်တွေဟာ မိမိတို့နေထိုင်ရာ တိုင်းနဲ့ပြည်နယ် ဒေသတွေမှာ PDF တပ်တွေဖွဲ့စည်းပြီး စစ်ကောင်စီကို နေရာတိုင်းမှာ ပျောက်ကျားစနစ်ဖြင့် တော်လှန်နေကြတာကိုလည်း တွေ့မြင်ရပါတယ်။ ယခုမှာလည်း လွတ်မြောက်နယ်မြေတစ်ခုမှာ GZ လူငယ်များက စစ်ပညာကိုသင်ကြားနေတဲ့ ဗီဒီယိုဖိုင်လေးကလည်း လူမှုကွန်ယက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ဒီဗီဒီယိုထဲမှာတော့ GZ လူငယ်တွေဟာ တိုင်းပြည်ကိုကယ်တင်ရမယ်ဆိုတဲ့ စိတ်ခံစားချက်တွေနဲ့ အများပြည်သူတွေ အိမ်နေရတဲ့ ညအချိန်လေးမှာတောင် စစ်ပညာကို ပြင်းပြင်းထန်ထန် သင်ကြားနေကြတာ တွေ့ရပါတယ်။ ဒီလို နေ့မနားညမနား ပြင်းပြင်းထန်ထန် လေ့ကျင့်သင်ယူနေကြပြီး PDF တပ်မတော်အတွက် အားထားရမယ့် GZ လူငယ်လေးများရဲ့ မြင်ကွင်းလေးကတော့ တကယ့်ကို လေးစားဂုဏ်ယူမိပါတယ်။ ပရိသတ်တွေလည်း GZ လူငယ်တွေရဲ့ စစ်ပညာ လေ့ကျင့်သင်ကြားနေတဲ့ ဗီဒီယိုလေးကို သဘောကျမယ်လို့လည်း ထင်မိပါတယ်။ 

https://s9.kh1.co/__image/w=600,h=308,q=100/c4/c4921095a48e8a9bcb4ed420f41ab562c9b91b33.jpg

(ဗီဒီယို ကြည့်ရန်အတွက် အောက်ပါ link ကို ပုံထဲက အတိုင်း Select ပေးပြီး Facebook (သို့မဟုတ်) Browser ဆိုတဲ့စကားလုံးကို နှိပ်၍ ကြည့်ရှု့နိုင်ပါသည်)

https://m.facebook.com/story.php?story_fbid=3988140174638047&id=100003263128734

သတင်း အရင်းအမြစ်VideoCredit & Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T