ဆေးရုံကြီးဝန်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ကြေညာချက် စာတစ်ဆောင်ထုတ်ပြန်လာတဲ့ မအူပင် PDF အဖွဲ့

//s9.kh1.co/09/09b7f74e48c9b63183928ae0171ddb3318e6dd60.jpg
နေ့စဉ်သတင်းများ

 ၀၈-ဇွန်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

.

ဧရာဝတီတိုင်းအတွင်းမှာရှိတဲ့ မအူပင်မြို့လေးကတော့ ရန်ကုန်မြို့ကနေ မိုင်(၅၀)နီးပါးလောက်သာသွားရတဲ့ ခရိုင်မြို့လေးတစ်မြို့ပဲ ဖြစ်ပါတယ်။ လူဦးရေ သိန်းဂဏန်းမျှသာရှိပြီး စိုက်ပျိုးမွေးမြူရေး နှင့် ကုန်သွယ်ရေးကို အဓိကထားကာ အသက်မွေးဝမ်းကြောင်းပြုလုပ်နေတဲ့ မအူပင်မြို့လေးကတော့ စစ်ကောင်စီမှ အာဏာသိမ်းပြီးတဲ့နောက်မှာလည်း ဒီမိုကရေစီပြန်လည်ရရှိဖို့အတွက် ဘက်ပေါင်းစုံက မြို့နေပြည်သူများဟာ လူထုလှုပ်ရှားမှုတွေကို တက်တက်ကြွကြွ လုပ်ဆောင်ခဲ့ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

လက်ရှိမှာတော့ စစ်ကောင်စီက ဖမ်းဆီးမှုတွေ နေ့စဥ် ဆိုသလိုရှိနေတာကြောင့် လူထုလှုပ်ရှားမှုတွေလုပ်ဆောင်တာ နည်းပါးလာပေမယ့် လူငယ်အများစုပါဝင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDFကိုလည်း ဖွဲ့စည်းလာနိုင်ခဲ့တာ တွေ့ရပါတယ်။ ဇွန်လ (၆)ရက်နေ့ ည(၈)နာရီဝန်းကျင်ခန့်မှာတော့ မအူပင်ဆေးရုံကြီးဝန်းအတွင်းမှာ ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဒီလိုပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးတဲ့နောက်မှာ မအူပင် PDF က ကြေညာချက်တစ်ခုကို ထုတ်ပြန်လာခဲ့ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ယင်းကြေညာချက်မှာတော့ ၎င်းတို့ဟာ အများပြည်သူများသွားလာတဲ့ ဆေးရုံ၊ စျေးနှင့် စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်မည် မဟုတ်ကြောင်းပါရှိသလို ပြည်သူတွေရဲ့ အသက်အိုးအိမ်၊စည်းစိမ်ကို ကာကွယ်စောင့်ရှောက်မှာဖြစ်ကာ စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်သွားမယ်ဆိုပြီး ကြေညာချက်မှာ ဖော်ပြထားပါတယ်။ မအူပင်မြို့မှာတော့ ဗုံးပေါက်ကွဲမှုဖြစ်ပွားတာဆိုရင် ယနေ့အချိန်ထိ အနည်းဆုံး (၄) ကြိမ်လောက်ရှိတယ်လို့လည်း ကြားသိရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload

သတင်း အရင်းအမြစ်Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T