တာလပတ်နဲ့ မိုးကာထားတဲ့ မလုံမလဲ တဲအိမ်လေးတွေထဲမှာ သည်းထန်စွာရွာသွန်းနေတဲ့ မိုးကိုအံတုပြီး ဖြစ်သလိုလေးနေနေရတဲ့ စစ်ရှောင်ပြည်သူတချို့ရဲ့ ဗီဒီယို

//s9.kh1.co/0f/0f414328f642d61ceaab6de6154d008d90fb9e9b.jpg
နေ့စဉ်သတင်းများ

 ၀၈-ဇွန်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့က ကရင်နီလူမျိုးတွေအများဆုံးနေထိုင်တဲ့ ကျေးရွာတချို့တွေမှာ မတ်လ (၂၁) ရက်နေ့လောက်ကတည်းက စစ်ကောင်စီတပ်တွေ နဲ့ မြို့ခံတပ်ပေါင်းစု ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား အပြန်အလှန် ပစ်ခတ်မှုတွေကနေ တိုက်ပွဲများပြင်းထန်ခဲ့ပါတယ်။ လက်ရှိအချိန်ထိ နေရာတချို့တွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူများကလည်း နေအိမ်နဲ့ ရွာတွေကို စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload

နှစ်ဘက်တပ်တွေအကြား ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူများဟာ တချို့ စစ်ဘေးရှောင်စခန်းတွေကို ရောက်ရှိနေပေမယ့်လည်း တချို့မှာတော့ တော့ထဲတွေထဲမှာ ခက်ခက်ခဲခဲ နေထိုင်ကြရတာကို တွေ့ရပါတယ်။ ဒါ့အပြင် စစ်ရှောင်ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ စားသောက်စရာများ အလျင်လိုအပ်နေတာလေးတွေကိုလည်း စေတနာရှင်များက အခက်အခဲတွေကြားကနေ လာရောက်လှူဒါန်းပေးကြတာ တွေ့ရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload

ယခုမှာလည်း တောထဲကိုထွက်ပြောလာရတဲ့ ကရင်နီလူမျိုးတွေ နေထိုင်ရာ စစ်ရှောင်စခန်းတစ်ခုရဲ့ စိတ်မကောင်းစရာ အခြေအနေလေးကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုလေးကလည်း ပျံ့နှံ့လို့လာခဲ့ပါတယ်။ ဒီဗီဒီယိုလေးထဲမှာတော့ အဆက်မပြတ် မိုးရွာသွန်းနေတာကြောင့် ဒလဟောစီဆင်းလာတဲ့ တောင်ကျရေတွေကလည်း စစ်ရှောင်စခန်းရဲ့ ပတ်ပတ်လည်ကို ဝန်းရံနေတာတွေ့ရသလို တာလပတ်လေးနဲ့ မိုးကာထားတဲ့ မလုံမလဲ တဲအိမ်လေးတွေထဲက စစ်ရှောင်ပြည်သူတွေရဲ့ ဘဝမြင်ကွင်းလေးကတော့ တကယ့်ကို စိတ်မကောင်းစရာလည်း ဖြစ်ရပါတယ်။ ဒီဗီယိုလေးကိုလည်း ပရိသတ်တွေ ကြည့်ရှု့လို့ရအောင် ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
https://s9.kh1.co/__image/w=600,h=344,q=100/22/22fed2c17f367ee30269455ce2c179add543a514.jpg

(ဗီဒီယို ကြည့်ရန်အတွက် အောက်ပါ link ကို ပုံထဲက အတိုင်း Select ပေးပြီး Facebook (သို့မဟုတ်) Browser ဆိုတဲ့စကားလုံးကို နှိပ်၍ ကြည့်ရှု့နိုင်ပါသည်)

https://m.facebook.com/story.php?story_fbid=1802105466635121&id=100005070548741

သတင်း အရင်းအမြစ်Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T