နေထိုင်ရေးအဆင်ပြေပေမယ့် စားနပ်ရိက္ခာများလိုအပ်နေတဲ့ ဖလူးစစ်ဘေးရှောင် ပြည်သူများ

//s9.kh1.co/9f/9fb48e7460a2afb001133f05e4a74314a76a40c7.jpg
နေ့စဉ်သတင်းများ

 ၀၃-ဇွန်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ကရင်ပြည်နယ် ၊ မြဝတီမြို့နယ်မှာရှိတဲ့ ဖလူးကျေးရွာမှာ ဇွန်လ (၁)(၂) ရက်နေ့တွင် စစ်ကောင်စီတပ် နှင့် လက်အောက်ခံ BGF ပူပေါင်းတပ်တွေ နဲ့ ခွဲထွက် DKBA တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ပါတယ်။ ယင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများကြောင့် ဖလူးရွာ၊ ဖလူးလေးကျေးရွာ ၊ ရသေ့ဂူကျေးရွာ ၊ ဝေါလေမြိုင်မှာ နေထိုင်တဲ့ ဒေသခံပြည်သူ တစ်ထောင်နီးပါလောက်က နေအိမ်များကို စွန့်ခွာပြီး အနီးအနာရှိ လေးကေ့ကော်မြို့ နှင့် ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရပါတယ်။

Photo Credit - Original Update
Photo Credit - Original Update
Photo Credit - Original Update
Photo Credit - Original Update

ယင်းစစ်ဘေးရှောင်များတွင် ကလေးသူငယ်များ ၊သက်ကြီးရွယ်အိုများ နှင့် နေမကောင်းတဲ့ သူများလည်းပါလာခဲ့ပြီး လေးကေ့ကော်မြို့လေးကို စစ်ဘေးရှောင်လာသူ ၃၀၀ ကျော်လောက်ရောက်ရှိနေတယ်လို့ သိရပါတယ်။ နေထိုင်ရေးအတွက် စာသင်ကျောင်းတွေမှာထားရှိပြီး လက်ရှိမှာ ၎င်းတို့အတွက် ဆန် ၊ အခြေခံစားသောက်ကုန်များ နဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေကြောင်း ကြားသိရပါတယ်။

Photo Credit - Original Update
Photo Credit - Original Update
Photo Credit - Original Update
Photo Credit - Original Update

လေးကေ့ကော် စစ်ရှောင်စခန်းကို မြဝတီမြို့က စေတနာရှင်တွေကလည်း လိုအပ်တာတွေ လာရောက်လှူဒါန်းတာရှိပါတယ်။ ဇွန်လ (၁) (၂)ရက်တွေမှာ တိုက်ပွဲတွေပြင်းထန်ပေမယ့် ယနေ့ဇွန်လ (၃)ရက်နေ့မှာတော့ ဖလူးဒေသမှာ ပစ်ခတ်မှုတွေ သိပ်မရှိတော့ပဲ အခြေအနေ ငြိမ်သက်နေတယ်လို့ သိရပါတယ်။ တိုက်ပွဲတွေကြောင့် ခက်ခဲမှုတွေနဲ့ ထွက်ပြေးတိမ်းရှောင်လာရတဲ့ ပြည်သူများကို စားနပ်ရိက္ခာတွေ အမြန်ရရှိအောင် ပရိသတ်တွေက ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါဦး။

Photo Credit - Original Update
Photo Credit - Original Update

သတင်း အရင်းအမြစ်Source - Original Update

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T