ရန်ကုန်မှာ လက်ရှိ ပြည်သူများ ထိခိုက်စေတဲ့ ဖြစ်ရပ်တွေဟာ ၎င်းတို့ မဟုတ်ကြောင်း ရန်ကုန် PDF (၉)ဖွဲ့က စုပေါင်းကြေညာချက်ထုတ်ပြန်လာ

//s9.kh1.co/00/00b8c67eb423f32849ef201d4316aa1e24edf579.jpg
နေ့စဉ်သတင်းများ

 ၀၃-ဇွန်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

စစ်ကောင်စီမှ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ တရားမျှတတဲ့ ဒီမီုကရေစီအရေးကို ပြန်လည်ရရှိအောင် ပြည်သူတွေဟာ ဖမ်းဆီး၊ ပစ်ခတ်မှုတွေကြားကနေ နည်းမျိုးစုံဖြင့် အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒပြတဲ့ လူထုလှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အာဏာရှင်စနစ် ကျရှုံးရေးအတွက် နိုင်ငံ့အတွင်းရှိ မြို့နယ်ကျေးရွာတွေမှာ လူထုလှုပ်ရှားမှုတွေအပြင် ပြည်သူ့ကိုယ်စားပြု NUG အစိုးရက ဖွဲ့စည်းထားတဲ့ PDF တပ်တွေ များစွာဖွဲ့စည်းလာတာလည်း တွေ့ရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload

လတ်တလောမှာလည်း ရန်ကုန်မြို့နယ် နေရာဒေသတချို့မှာ နေ့စဥ် ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားနေပြီး ယင်းပေါက်ကွဲမှုတွေကြောင့် တချို့ ပြည်သူများနှင့် ၎င်းတို့ရဲ့ ကျောင်းသား ကလေးသူငယ်များ ထိခိုက်မှုတွေရှိလာတာ တွေ့ရပါတယ်။ ဒီလို ပြည်သူတွေ ၊ ကျောင်းသား သူငယ်တွေ ထိခိုက်စေတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ရန်ကုန်မြို့မှာ ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF (၉)ဖွဲ့က စုပေါင်းပြီး ပြည်သူများကို ကြေညာချက်တစ်ခု ထုတ်ပြန်လာခဲ့ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ဒီကြေညာချက်မှာတော့ ရန်ကုန်မြို့ ပြည်သူ့ကာကွယ်ရေးတပ် PDF (၉)ဖွဲ့က ပြည်သူများ၊ ကျောင်းသား ကလေးသူငယ်များ ထိခိုက်နေတဲ့ ဖြစ်စဥ်တွေဟာ ၎င်းတို့လှုပ်ရှားမှု မဟုတ်ကြောင်း၊ပြည်သူ့ကိုယ်စားပြု NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ချမှတ်ထားသော စစ်ဖက်ဆိုင်ရာ ကျင့်ဝတ်များကိုလည်း အစဉ်အမြဲ လိုက်နာနေကြောင်းဟု ဒီကြေညာချက်မှာ ရှင်းလင်း ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload

သတင်း အရင်းအမြစ်Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T