တောင်သာမြို့နယ်က ကျေးရွာယာခင်းတစ်ခုမှာ နွားကောင်ရေ ၅၀ခန့် မိနစ်ပိုင်းအတွင်း ရုတ်တရက်လဲကျသေဆုံး

//s9.kh1.co/43/430e4efd6ae03fe029680ca643ac35c1c1bd80a8.jpg
နေ့စဉ်သတင်းများ

 ၀၃-ဇွန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် တောင်သာမြို့နယ်က ဘုရားလှကျေးရွာပိုင် ယာခင်းတစ်ခုထဲသို့ ဇွန်လ (၂)ရက်နေ့ နံနက်ပိုင်းလောက်က နွားကောင်ရေ ၆၀ ခန့်ဟာ ဝင်ရောက်စားခဲ့ပြီး မိနစ်ပိုင်းအတွင်းမှာပဲ နွားကောင်ရေ ၄၇ ခန့်ဟာ လဲကျ သေဆုံးသွားခဲ့ကြောင်း သတင်းများအရသိရပါတယ်။

https://s9.kh1.co/__image/w=600,h=595,q=100/5c/5cdd6cbc5caab43ad96a09223e3309160d32356c.jpg

ယင်းဖြစ်စဥ်မှာ တောင်သာမြို့နယ် ကဆင့်ကျေးရွာမှ ဦးဝင်းကြိုင်၊ ဦးမင်းအောင် ၊ ဦးစိုးသန်း၊ ဦးကျော်ရွှေ၊ မခိုင်နှင့်ပိုင်ပိုင် ၎င်းတို့ရဲ့ နွားများကိုကျောင်းနေစဥ် အနီးနားရှိ ဘုရားလှကျေးရွာပိုင် ရိပ်သိမ်းပြီး ပြောင်းငုတ် အရွက်နုငယ်များထွက်ရှိနေတဲ့ ယာခင်းတစ်ခုထဲသို့ နွားအုပ်စုက ဝင်ရောက်စားသောက်ခဲ့တာကြောင့် ချက်ချင်းအဆိပ်သင့်လျက် လဲကျသေဆုံးခဲ့ပြီး ကျန်တဲ့နွားတွေကိုတော့ ဆေးကုသထားတယ်လို့ သိရပါတယ်။

Photo Credit - Original Update
Photo Credit - Original Update
Photo Credit - Original Update
Photo Credit - Original Update

လဲကျသေဆုံးသွားတဲ့ နွားတွေဟာ ဒေသခံတွေက အစာအဆိပ်သင့်တယ်လို့ ပြောဆိုနေပေမယ့်လည်း မည်သည့်အကြောင်းကြောင့် သေဆုံးရကြောင်းကို အတည်မပြုနိုင်သေးဘူးလို့ ကြားသိရပါတယ်။ ကံဆင့်ကျေးရွာမှာ နွားကောင်ရေ ထောင်ဂဏန်းနီးပါးရှိပြီး မွေးမြူရေး၊စိုက်ပျိုးရေးနှင့်တိရိစ္ဆာန်များ အငှားကြောင်းခြင်းဖြင့် အနီးနားကရွာနယ်မြေများသို့ အသက်မွေဝမ်းပြုနေတာဖြစ်ပြီး အရင်ကလည်း အလားတူဖြစ်စဥ်မျိုးတွေ့ကြုံဖူးတယ်လို့ သိရပါတယ်။

Photo Credit - Original Update
Photo Credit - Original Update

သတင်း အရင်းအမြစ်Source - Original Update & Htun lin -Taungtha

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T