သောက်သုံးရေလိုအပ်နေတာကြောင့် ရွာနဲ့တစ်နာရီလောက်မောင်းပြီး ခက်ခဲစွာ ရေသွားသယ်နေရတဲ့ ဒီးမော့ဆိုက စစ်ဘေးရှောင်ပြည်သူများ

//s9.kh1.co/41/41ef00b7294aaa0b8d946f910c31f3e1cb05fce9.jpg
နေ့စဉ်သတင်းများ

 ၀၃-ဇွန်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလော ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်က ကျေးရွာတချို့မှာ စစ်ကောင်စီတပ်တွေ နဲ့ မြို့ခံတပ်ပေါင်းစု ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပွားနေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူများက နေအိမ်နဲ့ ရွာတွေကို စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ နှစ်ဘက်တပ်တွေအကြား ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် ရွာထဲသို့ လက်နက်ကြီးတွေကျရောက်ခဲ့သလို့ တချို့လူနေအိမ်များကို ထိမှန်ပြီး မီးလောင်မှုတွေဖြစ်ပွားတာရှိကြောင်း ကြားသိရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

တိုက်ပွဲများကြောင့် နေအိမ်နဲ့ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူများဟာ နေ့စဥ် စစ်ဘေးရှောင်စခန်းတွေကို ရောက်ရှိလာတာကြောင့် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ စားသောက်စရာများ အလျင်လိုအပ်နေတယ်လို့ သိရပါတယ်။ အခက်အခဲတွေနဲ့ နေထိုင်နေရတဲ့ ဒီးမော့ဆိုမြို့က စစ်ဘေးရှောင်ပြည်သူတွေအတွက် စေတနာရှင်များက စားနပ်ရိက္ခာတွေ လာရောက်လှူဒါန်းချင်ပေမယ့်လည်း နေ့စဥ်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် သွားလာမှုအခက်အခဲတွေရှိနေတာ ဖြစ်ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

လက်ရှိမှာ နေ့စဥ်ရောက်ရှိလာတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် သောက်သုံးရေများအခက်အခဲဖြစ်နေပြီး ရေရရှိဖို့အရေး ရွာနဲ့တစ်နာရီလောက်ဝေးကွာတဲ့ နေရာတွေမှာ သွားရောက်ကာ ရေသယ်ယူနေရကြောင်း သိရပါတယ်။ ယင်းသို့ ရေများသယ်ယူနေရတာကြောင့် စက်သုံးဆီများလည်း လိုအပ်နေတယ်လို့ ကြားသိရပါတယ်။ ပရိသတ်တွေလည်း ဒီးမော့ဆိုက စစ်ဘေးရှောင်ပြည်သူတွေအတွက် အခက်အခဲတွေအဆင်ပြေအောင် ဝိုင်းပြီးဆုတောင်းပေးကြပါဦး။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

သတင်း အရင်းအမြစ်Source - Original Upload & PKPF

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T