ဖယောင်းတိုင် မီးများထွန်းပြီး ​ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ဆားလင်းကြီးမြို့နယ် ထန်းပုရွာက ပြည်သူများ

//s9.kh1.co/af/af0f93d6a504339146ea627a24cfe61a6a498f5b.jpg
နေ့စဉ်သတင်းများ

 ၀၂-ဇွန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ဖေဖဝါရီလ (၁) ရက်နေ့ကနေစတင်ပြီး စစ်ကောင်စီမှ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ မြန်မာနိုင်ငံအနှံ့အပြားမှာရှိတဲ့ မြို့ကြီးများနှင့် မြို့ပြကျေးရွာတွေပါမကျန် အာဏာရှင်စနစ် ဆန့်ကျင် ဆန္ဒပြလှုပ်ရှားမှုတွေကို တက်တက်ကြွကြွ လုပ်ဆောင်ခဲ့ပါတယ်။ လူကြီး ၊ လူလတ်တွေအပြင် ကလေးသူငယ်တွေပါ လမ်းမပေါ်တွေထွက်ပြီး တရားမျှတတဲ့ ဒီမီုကရေစီကို ပြန်လည်ရရှိအောင် တစ်ထောင့်တစ်နေရာကနေ လူထုလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။

Photo Credit- Original Upload
Photo Credit- Original Upload
Photo Credit- Original Upload
Photo Credit- Original Upload

အာဏာရှင်စနစ် ဆန္ဒပြလူထုလှုပ်ရှားမှုတွေ ပြုလုပ်ရင်း စစ်ကောင်စီဘက်က ပစ်ခတ်တားဆီးမှုတွေကြောင့် သူရဲကောင်းများစွာအသက်ပေးခဲ့ရပါတယ်။ ယခုအချိန်ထိ ဖမ်းဆီး ၊ ပစ်ခတ်မှုတွေရှိနေပေမယ့်လည်း နေ့ရောညပါမကျန် နည်းမျိုးစုံဖြင့် ဆန္ဒပြလူထုလှုပ်ရှားမှုတွေကို လုပ်ဆောင်နေဆဲပါ။ ယခုမှာလည်း စစ်ကိုင်းတိုင်းဒေသကြီး ၊ ဆားလင်းကြီးမြို့နယ်ထဲမှာရှိတဲ့ ထန်းပုရွာက ပြည်သူများဟာ ဇွန်လ (၁)ရက်နေ့ ညချမ်းအချိန်လေးမှာ ဆန္ဒပြလူထုလှုပ်ရှားမှုကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Photo Credit- Original Upload
Photo Credit- Original Upload
Photo Credit- Original Upload
Photo Credit- Original Upload

ဒီ ဆန္ဒပြ ညသပိတ်မှာတော့ အမှန်တရားကိုလိုလားတဲ့ ထန်းပုရွာက ပြည်သူအများဟာ ဖယောင်းတိုင် မီးများထွန်းပြီး ညီညီညွတ်ညွတ် နဲ့ အာဏာရှင်စနစ်ကို ဆန္ဒပြရင်း ကျဆုံးသွားတဲ့ အာဇာနည်သူရဲကောင်းတွေအတွက် ဆုတောင်းပေးခဲ့တယ်လို့လည်း သိရပါတယ်။ ပရိသတ်တွေလည်း ထန်းပုရွာက ညသပိတ် မြင်ကွင်းပုံရိပ်ကိုကြည့်ပြီး ကြည်နူးစေမယ်လို့ မျှော်လင့်မိပါတယ်။

Photo Credit- Original Upload
Photo Credit- Original Upload

သတင်း အရင်းအမြစ်Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T