ဒီးမော့ဆိုမြို့နယ်မှာ တိုက်ပွဲအနည်းငယ် ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်လာခဲ့တဲ့ KNDF

//s9.kh1.co/15/15f980be0901b8d1f53ce5b3b955d6bae05ebad2.jpg
နေ့စဉ်သတင်းများ

 ၀၂-ဇွန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကတည်းက ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေ နဲ့ မြို့ခံ တပ်ပေါင်းစု ပြည်သူ့တပ်ဖွဲ့တို့အကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုဟာ ယခုအချိန်ထိ တိုက်ပွဲပြင်းထန်နေဆဲပါ။ စစ်ကောင်စီတပ်တွေဘက်က အကျအဆုံးများပြားတာတွေရှိပြီး လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်မှုတွေ ပြုလုပ်လာတဲ့အပြင် ဝေဟင်မှ စစ်ကူ ရဟတ်ယာဥ်တွေနဲ့ပါ ပစ်ခတ်လာတယ်လို့လည်း ပျံ့နှံ့လာတဲ့ သတင်းများမှ သိရပါတယ်။

Photo Credit - Original Uploader
Photo Credit - Original Uploader

ယခုမှာတော့ ဒီးမော့ဆိုမြို့နယ်က မြို့ခံ KNDF တပ်ဖွဲ့ဟာ မေလ (၃၁)ရက်နဲ့ ဇွန်လ (၁) ရက်နေ့များတွင် စစ်ကောင်စီတပ်တွေ နဲ့ ၎င်းတို့ KNDF တပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်လာခဲ့ပါတယ်။ KNDF ရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ မေလ (၃၁) ရက် နေ့လည်ပိုင်းလောက်မှာ ဒီးမော့ဆိုမြို့နယ်က ကုန်းသာကျေးရွာဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့သလို ဇွန်လ(၁) ရက်နေ့ မနက်အစောပိုင်းမှာလည်း ထပ်မံ တိုက်ပွဲအနည်းငယ် ဖြစ်ပွားခဲ့တယ်ဆိုပြီး သတင်းထုတ်ပြန်မှုမှာ ဖော်ပြထားပါတယ်။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader

ဒါ့အပြင် စစ်ကောင်စီဘက်က တပ်သား(၈၀)ခန့်ထက်မနည်း ကျဆုံးခဲ့ပြီး လက်နက်ကြီး ၆၀ မမ နဲ့ လက်နက်ငယ် (၂၀)ခန့်ကို KNDF တပ်ဖွဲ့က သိမ်းစည်းရရှိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ ယင်းတိုက်ပွဲတွေကြောင့် ဒေသခံပြည်သူများက အခက်အခဲတွေကြားကနေ နေအိမ်များကို စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ ကဲ.. စာဖတ်ပရိသတ်တွေလည်း တိုက်ပွဲတွေကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူများအတွက် ဆုတောင်းစကားလေးတွေ ပြောပေးခဲ့ပါဦး။

Photo Credit - Original Uploader
Photo Credit - Original Uploader

Photo Credit - Original Uploader

သတင်း အရင်းအမြစ် Source - Original Uploader & KNDK

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T