မနှစ်က ဒီလိုနေ့မျိုးမှာ ပြည်သူတွေအတွက် အမှတ်ရစရာ အမေစုရဲ့အမှာစကားတွေကြောင့် စိတ်မကောင်းဖြစ်နေတဲ့ ဟန်နာယူရီ

//s9.kh1.co/5a/5aae52f8d66290282611a255254c371d7e98f912.jpg
အနုပညာရှင်များ

 ၀၁-ဇွန်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

တရားမျှတတဲ့ ဒီမီုကရေစီအရေးကို ပြန်လည်ရရှိအောင် ပြည်သူတွေနဲ့အတူ အနုပညာရှင်များစွာကလည်း တစ်ထောင့်တစ်နေရာကနေ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပူးပေါင်းပါဝင်ခဲ့တာ တွေ့ရပါတယ်။ ဒီလို လူထုလှုပ်ရှားမှုအတွက် ပါဝင်ခဲ့တဲ့ အနုပညာရှင်တွေထဲမှာ Makeup Artist တစ်ယောက်ဖြစ်သလို သရုပ်ဆောင်လည်းဖြစ်တဲ့ ဟန်နာယူရီကလည်း ပါဝင်ခဲ့ပါတယ်။

Photo Credit - Hannayuri fb page
Photo Credit - Hannayuri fb page
Photo Credit - Hannayuri fb page
Photo Credit - Hannayuri fb page

ဟန်နာယူရီဟာ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ခဲ့သလို လမ်းမပေါ်ထွက်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ယနေ့အချိန်ထိ အားတက်သရော လုပ်ဆောင်နေတာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ တရုတ်သံရုံးအရှေ့မှာ မြန်မာ့နိုင်ငံ့အရေးအတွက် ပြုလုပ်တဲ့ ဆန္ဒပြလှုပ်ရှားမှုမှာလည်း ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေနဲ့အတူ ပါဝင်ခဲ့ပါတယ်။

Photo Credit - Hannayuri fb page
Photo Credit - Hannayuri fb page

ယခုမှာလည်း ဟန်နာယူရီဟာ မနှစ်က ယခုလိုအချိန်မျိုး ဇွန်လ (၁)ရက်နေ့မှာ ပြည်သူတွေအတွက် အမေစုက ရေးသားဖော်ပြခဲ့တဲ့ အမှာစကားတွေကိုကြည့်ပြီး သတိရတယ်ဆိုတဲ့အကြောင်းကို လူမှုကွန်ယက်မှာ စိတ်မကောင်းစွာ ဖော်ပြလာခဲ့ပါတယ်။ ဒီအကြောင်းအရာလေးကတော့ ကပ်ရောဂါဆိုးကြီးကို ရင်ဆိုင်နေရတဲ့ ပြည်သူတွေအတွက် စည်းလုံးတဲ့ အင်အားတွေနဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ အားပေးစကားပြောကြားထားတာဖြစ်ပါတယ်။ အမှတ်ရစရာ အမေစုရဲ့ အားပေးစကားတွေကို ပြန်လည်သတိရရင်း ဟန်နာယူရီက စိတ်မကောင်းစွာပြောပြလာခဲ့တာကို ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Hannayuri fb page
Photo Credit - Hannayuri fb page
Photo Credit - Hannayuri fb page
Photo Credit - Hannayuri fb page

သတင်း အရင်းအမြစ်Source - Hannayuri fb page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T