Virus ကြောင့် သားငါးတွေမှာ အနီစက်တွေဖြစ်တာဆိုပြီး ပြောဆိုချက်တွေအပေါ် ပြန်လည်ရှင်းပြလာတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/50/50aed1f2e0763faa676b3d5fea7193ab5a13e86e.jpg
နေ့စဉ်သတင်းများ

 ၀၁-ဇွန်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံမှာ ကပ်ရောဂါကူးစက်မှုတွေ ကျဆင်းလာခဲ့ပေမယ့် လတ်တလော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ နေရာဒေသ တချို့​တွေမှာ ရောဂါကူးစက်မှုတွေ ပြန်လည်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ဒီလိုပြန်လည်ကူးစက်မှုရှိလာတာကြောင့် သတ်မှတ်ထားတဲ့  စည်းမျဥ်းစည်းကမ်းနဲ့အညီ ပြည်သူများက ဂရုစိုက်နေထိုင်လာတာကိုလည်း တွေ့မြင်ရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

နေထိုင်မှု အပြင် အစားအသောက်တွေက အစ သတိထားဝယ်ယူစားသုံးနေရင်း မကြာသေးမှီ ရက်ပိုင်းလောက်က သားငါးတွေရဲ့ အသားတွေထဲမှာ သွေးခဲ​လေးတွေလိုဖြစ်နေတဲ့ အနီစက်တွေဟာ Virus တစ်မျိုးကြောင့်ဆိုပြီး လူမှုကွန်ယက်မှာ သတင်းများပျံ့နှံ့လာခဲ့ပါတယ်။ ဒါ့အပြင် တချို့ သားငါးတွေမှာ အနီစက်တွေအပြင် အနာလေးတွေပါတာကြောင့် ဝယ်ယူစားသုံးသူတွေကတော့ ဒီလိုသတင်းတွေပျံံ့နှံ့လာတဲ့အပေါ် စိုးရိမ်နေပြီး သတိထား ဝယ်ယူစားသုံးလာတာ တွေ့ရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ဒီလိုသတင်းတွေကြောင့် သားငါး ရောင်းဝယ်နေတဲ့ စျေးသည်များအတွက် စီးပွားရေးထိခိုက်မှု မရှိစေရေးအပြင် ဝယ်ယူစားသုံးသူများ စိုးရိမ်မှုမရှိစေရန် ယခုဆို ပြည်သူတစ်ယောက်က သူ့ရဲ့ လူမှုကွန်ယက်မှာ Virus တစ်မျိုးကြောင့် အနီစက်တွေဖြစ်ပေါ်လာတယ်ဆိုပြီး ပြောဆိုချက်တွေကို ပြန်လည်ရှင်းပြခဲ့ပါတယ်။ သူ့ရဲ့ ရှင်းပြချက်တွေကိုတော့ စာဖတ်သူများ ဗဟုသုတရစေရန်အတွက် ရည်ရွယ်ပြီး အောက်မှာ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

သတင်း အရင်းအမြစ်Source - Nyo Kaung fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T