ငြိမ်းသတ်မည့်သူမရှိဘဲ မီးလောင်ကျွမ်းနေတဲ့ ဒီးမော့ဆိုမြို့နယ် စံပြ(၆)မိုင်ရွာက နေအိမ်တချို့

//s9.kh1.co/d1/d16665a743a13c81f491318aba9c3cf69fa3716d.jpg
နေ့စဉ်သတင်းများ

 ၀၁-ဇွန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ကယားပြည်နယ် ၊ ဒီးမော့ဆိုမြို့နယ်ထဲက ကျေးရွာတချို့တွေမှာ မြို့ခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား မေလ (၂၁) ရက်နေ့ကနေစတင်ပြီး တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် နှစ်ဘက် ကျရှုံးမှုတွေရှိခဲ့ပြီး ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူများဟာ လုံခြုံတဲ့နေရာတွေမှာ ယနေ့အထိ ထွက်​ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader

မေလ(၃၁) ရက်နေ့ကလည်း နေ့လည်ပိုင်းလောက်မှာစတင်ပြီး ဒီးမော့ဆိုမြို့ခံ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ အပြန်အလှန်ပစ်ခတ်ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးတွေနဲ့ အဆက်မပြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကောင်စီဘက်မှ ညပိုင်းအချိန်ထိ ဝေဟင်ကနေ လေယာဥ်များဖြင့် လာရောက်ပစ်ခတ်ခဲ့တယ်ဆိုပြီး သတင်းပျံ့နှံ့နေခဲ့ပါတယ်။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader

ဇွန်လ(၁) ရက် ဒီကနေ့ မနက်အစောပိုင်းမှာ ဒီးမော့ဆိုမြို့နယ်ထဲက စံပြ(၆)မိုင်ရွာမှာ နေအိမ်တချို့မှာ မီးလောင်နေပြီး ယခုအချိန်ထိ မီးငြိမ်းသတ်မည့်မရှိကြောင့်လည်း သိရပါတယ်။ မည်သည့်အကြောင်းအရင်းကြောင့် နေအိမ်မီးလောင်နေတယ်ဆိုတာ မသိရသေးဘဲ ညပိုင်းကကြားရတဲ့ လက်နက်ကြီးများကြောင့် မီးလောင်တာဆိုပြီး တချို့သတင်းများထွက်ပေါ်နေခဲ့ပါတယ်။ ဒီ နေအိမ်မီးလောင်နေတာနဲ့ ပတ်သက်ပြီး PKPF အဖွဲ့က ထုတ်ပြန်ဖော်ပြထားတာဖြစ်ပါတယ်။

Photo Credit - Original Uploader
Photo Credit - Original Uploader

သတင်း အရင်းအမြစ်Source - Original Uploader

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T