မနေ့ ညက ထုတ်ပြန်ချက် အရ မုန်တိုင်း ဝင် နိုင်ချေးရှိသည်ဟု ဆိုခဲ့သော်လည်း ယနေ့ တွင်မုန်တိုင်း ဝင်မှာ သေချာပြီဟုထုတ်ပြန်ချက်များကို ဖော်ပြလိုက်ပါတယ်။

ထုတ်ပြန်ချက် (၁) - ဘင်္ဂလားပင်လယ်အော်မုန်တိုင်းသတင်း

(၂၂-၁၀-၂၀၁၆)ရက် နံနက် (၅း၃၀)နာရီအချိန်တွင် ထုတ်ပြန်သည်။

(၁) (၂၂-၁၀-၂၀၁၆)နံနက်(၆)နာရီခွဲမှ (၂၆-၁၀-၂၀၁၆)နံနက်(၆)နာရီခွဲအထိ ကာလအတွင်း မုန်တိုင်းရွေ့လျှားသွားမယ့်လမ်းကြောင်း ခန့်မှန်းချက်အရ (၂၄-၁၀-၂၀၁၆)ရက်နံနက်ပိုင်းတွင် မြန်မာနိုင်ငံနှင် ့အနီးဆုံးနေရာအဖြစ် ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းအနားသို့ရောက်ရှိနိုင်ပါတယ်။ ရောက်ရှိချိန်တွင် အပူပိုင်းမုန်တိုင်းအဆင့် (လေတိုက်နှု38-54 mph) နှုန်း ဖြစ်ပြီး ဗဟိုချက်အနီး အများဆုံးလေတိုက်နှုန်းမှာ တစ်နာရီ (၄၅-၅၀)မိုင်ခန့်ရှိနိုင်ပါတယ်။

(၂) မုန်တိုင်းဗဟိုချက်သည် မြန်မာနိုင်ငံအတွင်းမကျရောက်သော်လည်း မုန်တိုင်း ၏ စက်ကွင်းအတွင်းသို့ ရခိုင်ပြည်နယ်တောင်ဖက်အဖျားပိုင်း နဲ့ ဧရာဝတီတိုင်းတို့ကျရောက်နိုင်ပါတယ်။ အဆိုပါဒေသများတွင် မိုးရွာခြင်း နဲ့အတူ လေပြင်းများတိုက်ခတ်နိုင်ပြီး၊ အများဆုံးလေတိုက်နှုန်းမှာ တစ်နာရီ မိုင်(၃၀)မှ (၄၀)အထိတိုက်ခတ်နိုင်ပါတယ်။

မှတ်ချက်။ (က) (၂၂-၁၀-၂၀၁၆)နံနက် (၀၃း၃၀) နာရီ တိုင်းတာချက်ကို အခြေပြု တွက်ချက်ပါသည်။

(ခ) ခန့်မှန်းချက်များသည် အချိန်နဲ့လိုက်၍ ပြောင်းလဲ နိုင်ပါသည်။

ဒေါက်တာထွန်းလွင်

ထုတ်ပြန်ချက် (၂) - ဧရာဝတီတိုင်း နဲ့ ရခိုင်ပြည်နေတောင်ပိုင်းနေ ပြည်သူများ၊

ကမ်းရိုးတန်းတလျှောက် နေထိုင်သွားလာနေသူများ၊

ပင်လယ်ပြင်မှာ အလုပ်လုပ်ကိုင်နေသူများ၊

အောက်တိုဘာလ (၂၄)ရက် နဲ့ (၂၅)ရက်မှာ မုန်တိုင်း ဟိုင်းကြီးကျွန်းဖက်ကို ချဉ်းကပ်လာနိုင်ပါတယ်လို့ ခန့်မှန်းထားပါတယ်။

ဒေါက်တာထွန်းလွင်

ထုတ်ပြန်ချက် (၃) - အခုအချိန်ကစပြီး

မုန်တိုင်းသတင်း (Storm News) မဟုတ်တော့ဘူး။

မုန်တိုင်း သတိပေးချက် (Storm Warning)ဖြစ်လာပြီ။

ဒေါက်တာထွန်းလွင်

ထုတ်ပြန်ချက် (၄) - မုန်တိုင်းစက်ကွင်း (Storm Field)

၂၂-၁၀-၂၀၁၆

နံနက်(၈း၁၇ နာရီ)

လက်ရှိမုန်တိုင်းရဲ့ ရွေ့လျှားသွားမယ့်ခန့်မှန်းလမ်းကြောင်းအရ ရခိုင်ပြည်နယ်တောင်ပိုင်းနဲ့ ဧရာဝတီတိုင်းတို့ဟာ မုန်တိုင်းစက်ကွင်း အတွင်းကျရောက်နိုင်ကြပါတယ်။ ဒီတော့ စက်ကွင်းတစ်ခုအတွင်းလေတိုက်ခတ်နိုင်တဲ့ wind profile ကိုကြည့်ရင် လေတိုက်နှုန်းဟာ နေရာတစ်ခုရဲ့ ဗဟိုချက်မှ အကွာအဝေးပေါ်မှာမူတည်ပြီး ပြောင်းလဲနေတာကိုတွေ့ရပါ့မယ်။

အကြမ်းအားဖြင့်တော့ ဗဟိုချက်နဲ့နီးလေ လေပြင်းလေပါပဲ။

ဒေါက်တာထွန်းလွင်

ထုတ်ပြန်ချက် (၅) - မုန်တိုင်းရဲ့အခြေအနေ

Dated: 22.10.2016

အိန္ဒိယမိုးလေဝသဌာနမှထုတ်ပြန်တဲ့သတင်းပါ။

ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းနဲ့ ယင်းနဲ့ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ လွန်ခဲ့တဲ့(၆)နာရီအတွင်းက ရွေ့လျှားမှုမရှိပဲရပ်တန့်နေခဲ့ပါတယ်။ (၂၂-၁၀-၂၀၁၆)ရက် နံနက် (ဝဝး၃၀) နာရီအချိန်တိုင်းတာချက်များအရ မုန်တိုင်းငယ်ဟာ Port Blair မြို့ရဲ့အနောက်မြောက်ယွန်းယွန်း 400 km( 250 miles) အကွာ၊ ရန်ကုန်မြို့ရဲ့ အနောက်တောင်ယွန်းယွန်း 750 km(455 miles) အကွာ၊ Latitude 13.9°N; Longitude 89.8°E ပင်လယ်ပြင်မှာ ဗဟိုပြုနေပါတယ်။

Source: IMD

ဒေါက်တာထွန်းလွင်

ထို့ကြောင့် ပြည်သူအပေါင်း သတိထားပြီး သွားလာကြပါ လို့ သတိပေးလိုက်ပါတယ်။

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။