သရုပ်ဆောင်လောက မှ အနားယူပြီးနောက်ပိုင်းစီးပွားရေးလုပ်ငန်းရှင်အဖြစ် ရပ်တည် နေတဲ့ လွင်မိုး ကတော့ သူ့ရဲ့ စီးပွားရေးလုပ်ငန်းရှင် သက်တမ်းတလျှောက်မှာ ပထမဦးဆုံး အကြိမ် အမှုဖွင့်ခံရခြင်းလည်းဖြစ်ပါတယ်။

ဖြစ်စဉ်မှာတော့ မွန်ပြည်နယ်ကျိုက်ထိုမြို့ နယ် တရားရုံးတွင် ပိုင်ဆိုင်မှုအငြင်းပွားနေသည့် မြေကွက် မှ အလုပ်သမား သုံးယောက်ကို ဖမ်းဆီး ချုပ်နှောင်ရန် စေခိုင်းမှုနှင့်ပတ်သက်ပြီး ဖြစ်ပါတယ်။ ဦးပိုင်မြေဖြစ်တဲ့ N363 ၏ ပိုင်ရှင်ကုမ္ပဏီဖြစ်တဲ့ ကော့မူခူ ကုမ္ပဏီ ၏မန်နေးဂျင်းဒါရိုက်တာ ဦးစောနေဗလု ၏ တာဝန်ပေးချက် အရနေထိုင်နေသော ခြံစောင့် အလုပ်သမား သုံးယောက်ကို လက်နက်ကိုင်လူတစ်စုက ညနေပိုင်းတွင် လာရောက်ဖမ်းဆီးကာ မော်တော်ယာဉ်ဖြင့်ခေါ်ဆောင်ပြီး ဘားအံတွင် ချုပ်နှောင်ခဲ့ကြောင်းဖြစ်ပြီး ထိုလူသုံးဦး ကို သရုပ်ဆောင်လွင်မိုးက ခိုင်းစေချုပ်နှောင်ခိုင်းသည်ဟု ဦးစောနေဗလု က ပြောသဖြင့် အမှုဖွင့်ကြောင်းသိရသည်။

လွင်မိုးအနေနှင့်ကတော့ ဒီကိစ္စနှင့်ပတ်သက်ပြီး ဘာမှ မပြောချင်သေးဘူးလို့ ဆိုတဲ့ အပြင် နားလည်မှုလွဲတာတွေ လဲအများကြီးရှိတယ်လို့ပြောပါတယ်။ သူ့ဘက်ကတော့ တရားဥပဒေအရဖြေရှင်းသွားပါ့မယ်လို့ပြောကြားခဲ့ပါတယ်။ ပရိသတ်တွေကတော့ ယခုလိုမျိုးပြောထားကြပါတယ်။

Source: Voice

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။