ခက်ခဲနေသော ကာလဖြစ်တာကြောင့် သူနှစ်သက်မြတ်နိုးရတဲ့ ဆိုင်းတူရိယာပစ္စည်းများအား ရောင်းချဖို့ ပြင်ဆင်နေတဲ့ ရွာစား ထက်အာကာ

//s9.kh1.co/4c/4ca01886544ba05b838c9de654d60c8cc089fc74.jpeg
အနုပညာရှင်များ

 ၁၅-မေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

လူတိုင်းကတော့ သူတို့နှစ်သက်ကြတဲ့ ပစ္စည်းတိုင်းကို အမြတ်တနိုးတန်ဖိုးထားကြသူတွေချည်းပါပဲနော်။အခြေအနေအရပ်ရပ်ကြောင့် ခွဲခွာရတဲ့အခါမှာလည်း ကာယကံရှင်သာမကဘဲ ဘေးနားကလူများပါ စိတ်မကောင်းဖြစ်ကြရတာပါ။ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေဟာ တစ်နေ့ထက်တစ်နေ့ အရှိန်အဟုန်ပြင်းထန်လာတာကြောင့် ပြည်သူတွေအားလုံး စားဝတ်နေရေးအခက်အခဲပြသနာတွေကို ရင်ဆိုင်ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။

Photo Crd-Htet Arkar’s Facebook Account 
Photo Crd-Htet Arkar’s Facebook Account 
Photo Crd-Htet Arkar’s Facebook Account 
Photo Crd-Htet Arkar’s Facebook Account 
Photo Crd-Htet Arkar’s Facebook Account 
Photo Crd-Htet Arkar’s Facebook Account 

မနေ့ညကလည်း ရွာစား ထက်အာကာရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် သူလက်ရှိ တီးနေတဲ့ ဆိုင်းတူရိယာအပြည့်အစုံကို ရောင်းချမယ်ဆိုတဲ့ အကြောင်းကို ရေးသားထားတာ ဖြစ်ပါတယ်။ သူ့ရဲ့ ဆိုင်းဖြင့် နိုင်ငံတကာခရီးစဉ်များစွာ၊ တေးသီချင်းများနှင့် လူသိများခဲ့တဲ့ Project တော်တော်များများအား တီးခတ်ခဲ့တဲ့ သံယောဇဉ်အရှိဆုံး ပစ္စည်းဖြစ်တဲ့အကြောင်းကိုလည်း ရေးသားထားပါသေးတယ်။ လိုအပ်ချက်တွေကြောင့် ကိုယ်တန်ဖိုးထားရတဲ့တူရိယာများကို ထုတ်ရောင်းနေရတဲ့ အနုပညာရှင်များနှင့် ထပ်တူ ဝမ်းနည်းနေကြတာ ဖြစ်ပါတယ်။

Photo Crd-Htet Arkar’s Facebook Account 
Photo Crd-Htet Arkar’s Facebook Account 
Photo Crd-Htet Arkar’s Facebook Account 
Photo Crd-Htet Arkar’s Facebook Account 
Photo Crd-Htet Arkar’s Facebook Account 
Photo Crd-Htet Arkar’s Facebook Account 

သူကလည်း " ဆိုင်းရောင်းပါမည်ခင်ဗျာ

ကျွန်တော်တီးနေတဲ့ လေးပြားမင်္ဂလာဝိုင်း ပဉ္စရူပနယားကြီးအပါအဝင် ဆိုင်းတူရိယာပစ္စည်းအပြည့်အစုံ (လက်တင်တီး) ဆိုင်းအား ရောင်းပါမည်ခင်ဗျာ။ Quality ပိုင်းကတော့ ကျွန်တော်ကိုယ်တိုင် အသုံးပြုတဲ့ ပစ္စည်းများဖြစ်တာမို့ကျွန်တော့်အကြိုက်အတိုင်း ပေးမှာပါခင်ဗျာ။ မြန်မာ့ဆိုင်းဝိုင်းကြီးချစ်မြတ်နိုးသော ငွေကြေးပိုလျှံတဲ့ မြန်မာ့တူရိယာချစ်သူမိတ်ဆွေများ၊ ဂီတသင်တန်း‌ကျောင်းများ၊ ဟိုတယ် နှင့် ရိုးရာအတိုင်း အလှထားရှိလိုသော လုပ်ငန်းများ၊ တီးခတ်ရန်ဖြစ်စေ၊ အလှထားရန်ဖြစ်စေ မည်သို့အကြောင်းနှင့်ဖြစ်စေ ဆိုင်းဝိုင်းကြီးအား လိုအပ်သောနေရာများအတွက် စိတ်ဝင်စားသောမိတ်ဆွေများ မေးမြန်းနိုင်ပါတယ်ခင်ဗျာ။ (လေးပြားဝိုင်းဆိုတာကတော့ ရှေးခေတ်ကတည်းက ရွာစားကြီးအဘိုးစိန်ဗေဒါတို့ တီးခတ်စဉ်က လက်ရာဖြင့်ဆိုင်းဝိုင်းမျိုးဖြစ်ပါတယ်။ မြန်မာ့ဆိုင်းဝိုင်းကြီးတွင် လေးပြားမင်္ဂလာဆိုင်း၊ သုံးပြားမင်္ဂလာဆိုင်း၊ တစ်ပြားမင်္ဂလာဆိုင်း အစရှိသဖြင့်ရှိသည်ထဲမှ ယခုဆိုင်းသည် လေးပြားမင်္ဂလာဆိုင်း ဖြစ်ပါတယ်။)ကျွန်တော့် ဆိုင်းဟာ ကျွန်တော့်ရဲ့ နိုင်ငံတကာခရီးစဉ်များစွာ နဲ့တေးသီချင်းများ၊ လူသိခဲ့တဲ့ Project များစွာမှာ တီးခတ်ခဲ့တဲ့ သံယောဇဉ်ဖြစ်ရတဲ့ အမှတ်တရများစွာနဲ့ ဒီဆိုင်းကိုလိုအပ်ချက်အရ ရောင်းပါရ‌စေခင်ဗျာ။ဒီကာလမှာ လူတိုင်းခက်ခဲနေကြတဲ့အထဲ ကျွန်တော်လည်း အပါအဝင်မို့ မတင်ချင်ဘဲ တင်လိုက်ရပါတယ်။စိတ်ပါဝင်စားသူ မိတ်ဆွေများဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။P.S., နိုင်ငံခြားမှဝယ်ယူရန် စိတ်ဝင်စားပါက နိုင်ငံအရောက် (တရားဝင်) ပို့ဆောင်ပေးသည်ထိ တာဝန်ယူပေးပါမည်။ " ဆိုပြီးရေးသားထားတာ ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အနှစ်နှစ်အလလ ကိုယ်သံယောဇဉ်ထားတဲ့ အရာကိုစွန့်လွှတ်ရတဲ့အခါ လူတိုင်း ဝမ်းနည်းတတ်ကြပါတယ်။ ကိုထက်အာကာတစ်ယောက် ခက်ခဲနေတဲ့ အရာတွေ အမြန်ဆုံးပြေလည်နိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းလေးကို တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Htet Arkar’s Facebook Account 

Photo Crd-Htet Arkar’s Facebook Account 
Photo Crd-Htet Arkar’s Facebook Account 
Photo Crd-Htet Arkar’s Facebook Account 
Photo Crd-Htet Arkar’s Facebook Account 
Photo Crd-Htet Arkar’s Facebook Account 
Photo Crd-Htet Arkar’s Facebook Account 
Photo Crd-Htet Arkar’s Facebook Account 
Photo Crd-Htet Arkar’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T