မင်းတို့လွတ်အောင်ပြေး ငါ့ကိုထားခဲ့ဆိုပြီးပြောခဲ့တဲ့ သင်္ဃန်းကျွန်းမြို့နယ်က သူရဲကောင်းရဲ့အကြောင်းနဲ့ သူဖြစ်ချင်ခဲ့တဲ့ ဆန္ဒလေးတစ်ခု

//s9.kh1.co/49/498c2ac3e768ba749e581fc7e45462c1905bf611.jpg
နေ့စဉ်သတင်းများ

 ၁၅-မေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

မင်းတို့လွတ်အောင်ပြေး ငါ့ကိုထားခဲ့ဆိုပြီး ပြောခဲ့တဲ့ သင်္ဃန်းကျွန်းမြို့နယ်က သူရဲကောင်းရဲ့အကြောင်းနဲ့ သူဖြစ်ချင်ခဲ့တဲ့ ဆန္ဒလေးတစ်ခု

ကျဆုံးသွားတဲ့ သူရဲကောင်းတွေကို ပြည်သူတွေက အမြဲတမ်း သတိရအောက်မေ့နေပြီး သူတို့အတွက် ဆုတောင်းပွဲတွေပါ ပြုလုပ်ပေးနေကြတာပဲ ဖြစ်ပါတယ် ။ သူရဲကောင်းတွေက တိုင်းပြည်အတွက် စွန့်လွှတ်အနစ်နာခံပြီး ပေးဆပ်ခဲ့ရတဲ့သူတွေဖြစ်တာကြောင့် သူတို့ကို လေးစားဂုဏ်ပြုနေကြတာလည်း ဖြစ်ပါတယ် ။ မနေ့ကဆိုရင်လည်း ပြည်သူတွေက ကွယ်လွန်သွားတာ (၂) လရှိပြီဖြစ်တဲ့ သူရဲကောင်းတစ်ယောက်ရဲ့အကြောင်းကို သတိတရ မျှဝေခဲ့ကြတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ကိုဟိန်းထက်ဒွေးလို့ခေါ်တဲ့ သူရဲကောင်းကတော့ ပြီးခဲ့တဲ့ မတ်လ (၁၄) ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ် ဖြိုခွင်းမှုမှာ ကျည်ထိမှန်ပြီး ကျဆုံးခဲ့သူတစ်ဦး ဖြစ်ပါတယ် ။ ပြည်သူတွေနဲ့အတူ နောက်ဆုံးအချိန်အထိ လူထုလှုပ်ရှားမှုပြုလုပ်ခဲ့တဲ့ ကိုဟိန်းထက်ဒွေးက ကျည်မှန်တဲ့အချိန်မှာတောင် "မင်းတို့လွတ်အောင်ပြေး ငါ့ကိုထားခဲ့" ဆိုပြီး ပြောခဲ့တာ ဖြစ်ပါတယ် ။ ကိုဟိန်းထက်ဒွေးက Delivery ပို့တဲ့အလုပ်ကိုလုပ်ကိုင်တဲ့ Rider တစ်ဦးဖြစ်ပြီး အခြေအနေတွေ အေးချမ်းသွားရင် စျေးရောင်းဖို့ စိတ်ကူးရှိသူပဲ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader

ဒါပေမဲ့လည်း သူ့ရဲ့စိတ်ကူးအိပ်မက်တွေကို အကောင်အထည် မဖော်နိုင်ခင်မှာပဲ စောစီးစွာ ကြွေလွှင့်သွားခဲ့ရတာကြောင့် အားလုံးက စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ် ။ ကိုဟိန်းထက်ဒွေးနဲ့ တွေ့ဆုံခဲ့တဲ့ လူငယ်တစ်ယောက်ကတော့ သူကြားသိခဲ့ရတာလေးတွေကို ပြန်ပြောပြရင်း ငိုခဲ့ရသလို သူ့ရဲ့အမျိုးသမီးခမျာမှာလည်း ခင်ပွန်းဖြစ်သူအကြောင်းကြားပြီး ငိုကြွေးခဲ့ရတာ ဖြစ်ပါတယ် ။ ဒီအကြောင်းတွေကို ပြည်သူတစ်ဦးက သူရဲကောင်းကိုဟိန်းထက်ဒွေး ကွယ်လွန်တာ (၂) လပြည့်တဲ့နေ့မှာ လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ရေးသားမျှဝေခဲ့တာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T