ခက်ခဲမယ်ဆိုတာ သိပေမယ့် အလုပ်လက်မဲ့ဖြစ်သွားတဲ့ ပြည်သူတွေကို အလုပ်ပေးနိုင်ဖို့ ကြိုးစားနေတဲ့ နွေးနွေးချစ်ဖွယ်

//s9.kh1.co/fd/fd6fc0fb9abd83c5dbc297dc3fece6a991f619e3.jpeg
အနုပညာရှင်များ

 ၁၅-မေ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.......

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေများကြောင့် အဆင်မပြေ မှုတွေ ကို မျိုးစုံ ရင်ဆိုင်နေရပြီး စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေများစွာ ရှိနေကြတာပါ။အကြောင်းအမျိုးမျိုးကြောင့် ခက်ခဲနေသူများကို ပြည်သူတွေ အချင်းချင်းကပဲ ဖေးမကူညီပေးနေတာကို မြင်တွေ့ရသည်မှာ ကြည်နူးစရာ ကောင်းလွန်းလှပါတယ်။ ဒီလို ကူညီပေးနေတဲ့ သူတွေထဲမှာ အဆိုတော် နွေးနွေးချစ်ဖွယ်လည်း ပါဝင်ပြီး သူမတတ်နိုင်တဲ့ အခန်းကဏ္ဍကနေ တတ်နိုင်သလောက် ကူညီပေးနေတာကို တွေ့ရပါတယ်။

Photo Credit : Nway Nway Chit Phwal Facebook Account
Photo Credit : Nway Nway Chit Phwal Facebook Account
Photo Credit : Nway Nway Chit Phwal Facebook Account
Photo Credit : Nway Nway Chit Phwal Facebook Account

အွန်လိုင်းကနေ ဈေးရောင်းချသူတွေကိုလည်း Follower သိန်းချီ များတဲ့ သူရဲ့အကောင့်ကနေ အရောင်းပို့စ်များကို အခမဲ့ တင်ပေးကာ ဝယ်ယူသူများအောင် ကူညီ ပေးခဲ့တာလည်း ဖြစ်ပါတယ်။ဒါ့အပြင် အခက်အခဲတွေနဲ့ ကြုံတွေ့နေရတဲ့ မိသားစုတွေ အတွက်လည်း အလှူငွေများ ကိုယ်တိုင် ကောက်ခံပေးကာ ကူညီပေးနေတာလည်း တွေ့ရပါတယ်။တကယ်ကို စိတ်ထား မြင့်မြတ်သူလေးမို့ လေးစားမိတာ အမှန်ပါပဲနော်။

Photo Credit : Nway Nway Chit Phwal Facebook Account
Photo Credit : Nway Nway Chit Phwal Facebook Account
Photo Credit : Nway Nway Chit Phwal Facebook Account
Photo Credit : Nway Nway Chit Phwal Facebook Account

ဒီနေ့မှာလည်း အလုပ်လက်မဲ့ ဖြစ်သွားတဲ့ ပြည်သူတွေကို အလုပ်ပေးနိုင်ဖို့ ကြိုးစားနေကြောင်း ခက်ခဲမယ်ဆိုတာ သိပေမယ့်လည်း လုပ်ပေးကြည့်ချင်ကြောင်းကို ပြောကြားလာတာဖြစ်ပါတယ်။ဒါ့အပြင် အဆင်မပြေတဲ့ လူတိုင်းကို အားပေးကူညီနေပေမယ့် သူကိုယ်တိုင်လည်း အဆင်မပြေတဲ့ အကြောင်းတွေကိုလည်း ခုလိုရင်ဖွင့်ပြောကြားလာပါတယ်။ " လူတိုင်းကိုကြည့်လိုက် စိတ်အခြေအနေတွေ အစဉ်မပြေကြတော့ဘူး အရင်လို့ ဘာသာရေးအကြောင်းတွေပြောလိုက် အားပေးလိုက်  စျေးလေးရောင်းလိုက် လုပ်ပေးချင်မိတယ် ဒီလိုlive တင်ပြန်ရင်လဲ ဟိုထဲဆွဲထည့်ဒီထဲဆွဲထည့် ပြောခံရအုံးမယ် ကြောက်လို့မဟုတ်ဘူး အကုသိုလ်ကင်းချင်တာ ကိုယ်လဲ အရမ်းအစဉ်ပြေနေလားဆိုတော့ မွေးထဲက မချမ်းသာလို့ ကြိုးစားရုန်းကုန်ရတာပဲ နွေးလဲ အားငယ်တဲ့ အချိန်တွေရှိတာပေါ့ လူပဲ သို့သော် မန်တင်းပြီးနေတယ့်ငါဟဲ့ဆိုတဲ့စိတ်အရာရာ ခဏသာတည်တယ် ခဏလေးပျက်တယ် စိတ်ကိုမလျှော့ချလိုက်နဲ့ ဒီချိန်လုံးဝမငြီးဘူး အဖွားကငယ်ငယ်ထဲကသင်ပေးတဲ့အတိုင်း ကိုယ့်အထက်ကိုယ်မကြည့်နဲ့ ကိုယ်အောက်ကိုကြည့် ဆိုတဲ့ဆုံးမစကားနားစွဲခဲ့လို့ အားတင်ထားတယ် စနေတွေကအကျောတင်းတာလဲပါတယ် အားမငယ်ပါနဲ့ ထပ်ထပ်ပြောချင်တယ် ကြုံလာတော့လဲ ရင်ဆိုင်ရုံပေါ့ လူဖြစ်လာထဲက အကောင်းအဆိုး အကြောင်းအကျိုးတွေက ကြုံကိုကြုံရမှာ  ဘာကို ဝမ်းနည်းပြီးဘာကိုငိုကြွေးနေမှာလဲ No par ရုပ်အိုတယ် နှလုံးသားကို အာဟာရဖြည့်ပါ စိတ်ခွန်အားဖြစ်စေမယ့်စာတွေဖတ် (တရားအတိုလေး)တွေ များများနာပါ နွေးဘက်က လုပ်ပေးနိုင်တာတွေ အလုပ်လက်မဲ့ဖြစ်သွားတဲ့ မိဘပြည်သူတွေကို အလုပ်ပေးနိုင်ဖို့ နွေးကြိုးစားနေပါတယ် ခက်ခဲမယ်သိတယ် လုပ်ပေးကြည့်ချင်တယ်" ဆိုတဲ့ စာလေးကိုဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးရင်း နွေးလည်း ဒီထက်မက ကူညီနိုင်ပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Source & Photo Credit : Nway Nway Chit Phwal Facebook Account
Source & Photo Credit : Nway Nway Chit Phwal Facebook Account
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T