အသက် (၈၇) နှစ်မှာပဲ မိသားစုနဲ့ချစ်ရတဲ့ပရိသတ်တွေအားလုံးကိုထားခဲ့ပြီး ဘဝတစ်ပါးပြောင်းသွားပြီဖြစ်တဲ့ လူရွှင်တော်ဦးစိန်ရိုး

//s9.kh1.co/22/22946f39b65f4f4c8eaee1f091399329b465d5d3.png
အနုပညာရှင်များ

 ၁၅-မေ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

..

လူရွှင်တော်ကြီးဦးစိန်ရိုးဆိုတာ လူရွှင်တော်အသင်းရဲ့ နယကတစ်ယောက်ဖြစ်သလို ပျက်လုံးနဲ့ပတ်သက်ရင် အမြဲတမ်းဉာဏ်ရွှင်နေတဲ့ လူတော်တစ်ယောက်လည်းဖြစ်ပါတယ်။ အသက်အရွယ်ကြီးလာလို့ ကျန်းမာရေးမကောင်းတော့ပေမယ့် ပျက်ခဲ့တဲ့ဟာသတွေကတော့ အချိန်တိုင်းလတ်ဆတ်နေဆဲပါပဲ။ ဘယ်အချိန်ပြန်နားထောင်ထောင် စိတ်ပျော်ရွှင်ပြီး ရယ်မောစေနိုင်ခဲ့တာအမှန်ပါပဲ။ ဒီနေ့ (၁၅.၅.၂၀၂၁) မနက် ၁၀:၄၅ မိနစ်မှာတော့ ဘဘဦးစိန်ရိုးဟာ အားလုံးကိုထားခဲ့ပြီး သံသရာခရီးကိုပျော်ပျော်ကြီး ထွက်သွားခဲ့ပါပြီ။ လူအများကိုရယ်မောအောင်လုပ်ပေးခဲ့လို့ ကောင်းတဲ့ဘုံဘဝမှာ အေးအေးချမ်းချမ်း ရှိနေမှာပါ။

Photo Credit - Original Uploader
Photo Credit - Original Uploader

ဦးစိန်ရိုးကွယ်လွန်တဲ့သတင်းကို ဝါရင့်လူရွှင်တော်တစ်ယောက်ဖြစ်တဲ့ ဦးကောင်းကျော်က " ပြည်သူချစ်သော ဟာသလူရွှင်တော်ကြီး ဦးစိန်ရိုး ယနေ့နံက် ၁၀:၄၅ တွင် ကွယ်လွန်သွားပါပြီ " ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်ကနေ ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။ လူရွှင်တော်လောကရဲ့ ကြီးမားတဲ့ဆုံးရှုံးမှုအတွက် လုပ်ဖော်ကိုင်ဖက်တွေရော ပရိသတ်တွေကပါ မိသားစုနဲ့ထပ်တူ ကြေကွဲကြောင်း မှတ်ချက်တွေ အများအပြားပေးခဲ့ကြပါတယ်။ အနုပညာကြယ်ပွင့်တွေ ကြွေသွားတိုင်း ကျန်ခဲ့ရသူတွေဟာ နှမြောတသပါပဲ။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader

လက်ရှိအသက်အရွယ်ထိ ရင်းနှီးခဲ့တဲ့ပျက်လုံးတွေကိုမမေ့ဘဲ ကိုယ်မြတ်နိုးတဲ့ အနုပညာကို အချိန်တိုင်းသတိရနေခဲ့တဲ့ ပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ လူရွှင်တော်တွေအားလုံး အတုယူရတဲ့ ဆရာတစ်ဆူလည်းဖြစ်သလို လူရွှင်တော်အသင်းရဲ့ နာယကတစ်ယောက်လည်း ဖြစ်ပါတယ်။ အသက်ကြီးသွားသလို ပညာတွေလည်းရင့်သန်နေတဲ့ ဒီလိုအဖိုးတန်လူတစ်ဦး ဆုံးရှုံးလိုက်ရတာ ဝမ်းနည်းစရာကောင်းလွန်းပါတယ်။ ကောင်းမွန်တဲ့ဘဝသစ်တစ်ခုကို အေးအေးချမ်းချမ်းရောက်နိုင်ပါစေ ဘဘရေ။

Photo Credit - Original Uploader
Photo Credit - Original Uploader

သတင်း အရင်းအမြစ်Original Uploader

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T