ရွှေဘိုမြို့ ဈေးမီးလောင်မှုကြောင့် ဆုံးရှုံးနစ်နာသွားကြတဲ့ ပြည်သူတွေနဲ့ထပ်တူ ဝမ်းနည်းကြေကွဲနေကြောင်း ဖော်ပြလာတဲ့ နိုင်းဝမ်း

//s9.kh1.co/bc/bc60a769c7b4ccb7d6174003901496acc5f46152.jpeg
အနုပညာရှင်များ

 ၁၅-မေ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

..

စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှာ ဒီကနေ့ မေလ ၁၅ ရက်နေ့၊ နံနက် ၂ နာရီဝန်းကျင်လောက်က ရွှေဘိုမြို့မစျေးကြီး မီးလောင်ကျွမ်း ပျက်စီးခဲ့ကြတဲ့အတွက် ဆိုင်ခန်းအများစု ဆုံးရှုံးနစ်နာမှုတွေ ရှိခဲ့ပါတယ်..။

မီးလောင်ကျွမ်းမှုဟာ မနက်​ ၄နာရီလောက်မှာ မီးညွန့်ကျိုးခဲ့ပြီး မနက်ခြောက်နာရီလောက်အထိ တစ်ငွေ့ငွေ့လောင်ကျွမ်းခဲ့တဲ့အတွက် ဆိုင်ခန်းတော်တော်များများ ပျက်ဆီးဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်..။

Photo Credit - Kyaw Zin Latt's Fb Acc
Photo Credit - Kyaw Zin Latt's Fb Acc
Photo Credit - Kyaw Zin Latt's Fb Acc
Photo Credit - Kyaw Zin Latt's Fb Acc
Photo Credit - Kyaw Zin Latt's Fb Acc
Photo Credit - Kyaw Zin Latt's Fb Acc

ညမထွက်ရ အမိန့်ထုတ်ပြန်ထားတဲ့အချိန်မှာ မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် ပစ္စည်းတွေမရလိုက်ဘဲ ပျက်စီးဆုံးရှုံးခဲ့တဲ့ ဆိုင်ခန်းပိုင်ရှင်တွေနဲ့ ထပ်တူ ပြည်သူတွေကလည်း ဝမ်းနည်းစိတ်မကောင်းဖြစ်နေကြတာ တွေ့ရပါတယ်..။

အဆိုတော်နိုင်းဝမ်းကလည်း အခုလိုစီးပွားရေးတွေ ခက်ခဲကြပ်တည်းနေကြတဲ့အချိန်မှာ အဖြစ်ဆိုးတွေနဲ့ ကြုံတွေ့နေတဲ့ ပြည်သူတွေအတွက် ကိုယ်ချင်းစာပြီး ကြေကွဲဝမ်းနည်းနေရတဲ့ အကြောင်းတွေကိုလည်း ပြောပြလာပါတယ်..။

Photo Credit - Kyaw Zin Latt's Fb Acc
Photo Credit - Kyaw Zin Latt's Fb Acc
Photo Credit - Kyaw Zin Latt's Fb Acc
Photo Credit - Kyaw Zin Latt's Fb Acc
Photo Credit - Kyaw Zin Latt's Fb Acc
Photo Credit - Kyaw Zin Latt's Fb Acc

"ထပ်တူဝမ်းနည်းကြေကွဲရပါတယ် ရွှေဘိုမြို့လေးရေ???

အခုလို စီးပွားရေးအကျပ်အတည်း ကာလထဲမှာမှ ဒီလိုအဖြစ်ဆိုးနဲ့ ကြုံတွေ့နေရတာကို တကယ့်ကို ကိုယ်ချင်းစာမိတာပါ???.." ဆိုပြီး နိုင်းဝမ်းက စိတ်မကောင်းစွာ ရေးသားထားတာပါ..။

နိုင်းဝမ်းရဲ့ပို့စ်အောက်မှာတော့ ပရိသတ်တွေကလည်း ဈေးမီးလောင်မှုကြောင့် ဆုံးရှုံးနစ်နာသွားကြတဲ့ ပြည်သူတွေအတွက် ဝမ်းနည်းနေကြတဲ့ အကြောင်းတွေကို ရေးသားပြောပြထားကြတာလည်း တွေ့ရပါတယ်..။

Photo Credit - Kyaw Zin Latt's Fb Acc
Photo Credit - Kyaw Zin Latt's Fb Acc
Photo Credit - Kyaw Zin Latt's Fb Acc
Photo Credit - Kyaw Zin Latt's Fb Acc

သတင်း အရင်းအမြစ်Kyaw Zin Latt's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T