အချိန်ခဏလေးအတွင်းမှာ ချက်ချင်းလူအုပ်ကြီးစုဝေးကာ ပြေးရင်းလွှားရင်းဆန္ဒပြနေကြတဲ့ ရန်ကုန်မြို့တစ်နေရာရှိသပိတ်မြင်ကွင်းဗီဒီယို

//s9.kh1.co/44/44918dc8812add768a5795081993e31e9ee6b156.jpg
နေ့စဉ်သတင်းများ

 ၁၅-မေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ဒီကနေ့ မေလ(၁၅)ရက်နေ့မှာဆိုရင်လည်း ဒီမိုကရေစီလိုလားနေကြတဲ့ ပြည်သူတွေဟာ ဖိနှိပ်ဖြိုခွင်းမှုတွေကြားထဲကနေ ဆန္ဒထုတ်ဖော်မှုတွေကို ဒေသအသီးသီးမှာပြုလုပ်နေကြတာဖြစ်ပြီး ဖြိုခွင်းမှုတွေနဲ့ ဆက်တိုက်တွေ့ကြုံနေကြရတာဖြစ်ပါတယ်။ ဖြိုခွင်းမှုတွေရှိနေပေမယ့်လည်း မြန်မာနိုင်ငံဒေသအသီးသီးရှိပြည်သူတွေဟာ ရရာနည်းနဲ့ နေ့စဉ်မပြတ်သပိတ်စစ်ကြောင်းတွေ ထွက်နေကြတာကို ပရိသတ်တွေလည်းတွေ့မြင်နေကြရတာဖြစ်ပါတယ်။

Photo credit-Myanmarload TV
Photo credit-Myanmarload TV
Photo credit-Myanmarload TV
Photo credit-Myanmarload TV

လူထုဆန္ဒပြပွဲတွေဟာလည်း ရက်ပေါင်း (၁၀၀)ကျော်ကြာမြင့်နေပြီဖြစ်ပြီး ဖိနှိပ်ဖြိုခွင်းမှုတွေဟာလည်း နေ့စဉ်ရက်ဆက်တွေ့ကြုံနေကြရတာပါ။ အခုလို ဖိနှိပ်မှုတွေကြားကနေ ရန်ကုန်မြို့ရှိ ပြည်သူတွေဟာ ယနေ့ မေလ(၁၅)ရက်နေ့မှာလည်း ပြောက်ကျားသပိတ်ထပ်မံပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ရန်ကုန်ပြည်သူတွေဟာ "တစ်ယောက်ထရင် အကုန်ကြွ ငါတို့သာကေတ" ဆိုတဲ့ ဆိုင်းဘုတ်ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်.....။

Photo credit-Myanmarload TV
Photo credit-Myanmarload TV
Photo credit-Myanmarload TV
Photo credit-Myanmarload TV

အခုလို ရန်ကုန်ပြည်သူတွေရဲ့ ဆန္ဒထုတ်ဖော်မှုမြင်ကွင်းဗီဒီယိုလေးဟာ Facebookမှာလည်း ပျံ့နှံ့လာတာဖြစ်ပြီး အားတက်စရာကောင်းလှတဲ့ ကြွေးကြော်သံတွေနဲ့အတူ ပြည်သူတွေရဲ့စည်းလုံးမှုအင်အားကိုလည်း အထင်းသားမြင်တွေ့ရတာဖြစ်ပါတယ်။ ကဲ......ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Ro Nay San Lwin's Facebook acc
Photo Credit-Ro Nay San Lwin's Facebook acc

သတင်း အရင်းအမြစ်Ro Nay San Lwin's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T