မတရားမှုတွေ ပြုလုပ်နေကြသူတွေကို ခွန်အားအပြည့်ဖြင့် အမြစ်ဖြတ်တိုက်ထုတ်ပေးကြဖို့ တောင်းဆိုလိုက်တဲ့ မေဦး

//s9.kh1.co/fd/fd360795f0a690bc88a7befc4ffe319536915686.jpeg
အနုပညာရှင်များ

 ၁၅-မေ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုများတွင်  ပြည်သူတွေနဲ့အတူ အနုပညာရှင်များလည်း အတူပူးပေါင်းပါဝင် နေကြတာ အားရစရာပါပဲ။ အခုလိုပါဝင်နေကြသူများထဲတွင် မိတ်ကပ်ဖန်တီးပညာရှင် မေဦးလည်းတစ်ယောက်အပါအဝင်ပဲ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလအစကတည်းမှစပြီး လမ်းပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်ခဲ့တာကြောင့် ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။

Photo Crd-May Oo’s Facebook Account 
Photo Crd-May Oo’s Facebook Account 
Photo Crd-May Oo’s Facebook Account 
Photo Crd-May Oo’s Facebook Account 

အခုလို တရားစွဲခံထားရပေမယ့်လည်း ရောက်ရာအရပ်ကနေ speak out  လုပ်ပေးနေသူ ဖြစ်ပါတယ်။ ပြည်သူများကလည်း မှန်ကန်တဲ့ဘက်ကနေ ရပ်တည်ပေးခဲ့ကြတဲ့  အနုပညာရှင်များအားလုံးကို လေးစားဂုဏ်ယူနေကြတာ ဖြစ်ပါတယ်။ မေဦးကတော့ လူမှုကွန်ယက်များမှတစ်ဆင့် လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေများနဲ့ ပတ်သက်ပြီးသူ့ရဲ့ ထင်မြင်ယူဆချက်များကို ပရိသတ်တွေအား ဝေမျှပေးနေတာ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း မတရားမှုတွေ ပြုလုပ်နေကြသူတွေကို ခွန်အားအပြည့်ဖြင့် အမြစ်ဖြတ်တိုက်ထုတ်ပေးကြဖို့ တောင်းဆိုလိုက်ပြန်ပြီပဲ ဖြစ်ပါတယ်။

Photo Crd-May Oo’s Facebook Account 
Photo Crd-May Oo’s Facebook Account 
Photo Crd-May Oo’s Facebook Account 
Photo Crd-May Oo’s Facebook Account 
Photo Crd-May Oo’s Facebook Account 
Photo Crd-May Oo’s Facebook Account 
Photo Crd-May Oo’s Facebook Account 
Photo Crd-May Oo’s Facebook Account 

" ကျွန်တော်တို့ရဲ့ အပူသောကတွေထက် ကိုယ့်ရွာ ကိုယ့်အိမ် စွန့်ပြေးနေရဲ့စစ်ရှောင်တွေ အဖမ်းဆီးခံထားရတဲ့ သူတွေမိသားစုတွေပစ်ခတ် နှိပ်ဆက်ရိုက်နှက်မှုတွေကြောင့် ကိုယ်လက်အင်္ဂါမစုံတော့တဲ့သူတွေပျက်စီးကုန်ကြတဲ့ဘဝတွေဟာအာဏာရူးစစ်သူပုန်တွေရဲ့မတရားမှုကြောင့်ပဲဒီတရားမှုကို အဆုံးမသတ်ဖြစ်ပဲအလိုက်သင့်နေထိုင်ရင်းနဲ့ ပါးစပ်ကနေပဲပြောနေရုံဆိုင်ရင်တော့ကိုယ်တိုင်မတရားမှုမှာပါဝင်နေတဲ့သဘောပါပဲ။ ဒါ့ကြောင့် မတရားမှုကိုပြုနေတဲ့အာဏာရှင်တွေကို အမြစ်ဖြုတ်ဖို့အတတ်နိုင်ဆုံး ခွန်အားအပြည့်နဲ့ကူညီပြီး တွန်းလှန်တိုက်ထုတ်ပေးကြပါအရေးတော်ပုံအောင်သည်အထိ သွေးမအေးသွားကြပါနဲ့ဗျာ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ အရေးတော်ပုံကြီး အောင်မြင်ဖို့အတွက် ကျရာအခန်းကဏ္ဍကနေ ပြည်သူတွေအားလုံး တတ်နိုင်သလောက် လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။ ပြည်သူတွေ လိုလားတောင့်တနေတဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး အမြန်ဆုံးအကောင်အထည်ဖော်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်နော်။

Source and Photo Crd-May Oo’s Facebook Account 

Photo Crd-May Oo’s Facebook Account 
Photo Crd-May Oo’s Facebook Account 
Photo Crd-May Oo’s Facebook Account 
Photo Crd-May Oo’s Facebook Account 
Photo Crd-May Oo’s Facebook Account 
Photo Crd-May Oo’s Facebook Account 
Photo Crd-May Oo’s Facebook Account 
Photo Crd-May Oo’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T