ပြန်လွတ်လာတဲ့ကျောင်းသားလေးတွေ အိမ်ပြန်ဖို့ပိုက်ဆံမရှိကြလို့ ဝမ်းသာအားရနဲ့ အခမဲ့ကူညီပေးကြတဲ့ ပြည်သူများ

//s9.kh1.co/1e/1e53b4808b4a91e3252e7b0064cc0a09dcef94e6.jpeg
နေ့စဉ်သတင်းများ

 ၁၅-မေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ပြန်လွတ်လာတဲ့ကျောင်းသားလေးတွေ အိမ်ပြန်ဖို့ပိုက်ဆံမရှိကြလို့ ဝမ်းသာအားရနဲ့ အခမဲ့ကူညီပေးကြတဲ့ ပြည်သူများ

လတ်တလောအခြေအနေမှာဆိုရင် ပညာတတ်လူငယ်လေးတွေအများအပြားလည်း ဖမ်းဆီးထိန်းသိမ်းခံနေရတာဖြစ်လို့  ပြည်သူလူထုအနေနဲ့ speak out များများလုပ်ပေးနေကြတာဖြစ်ပါတယ်။မိမိရဲ့အိမ်မှာဆိုရင် ပြည့်ပြည့်စုံစုံနေထိုင်ရတဲ့ လူငယ်လေးတွေကတော့ ချုပ်နှောင်ခံထားရချိန်မှာ ဒုက္ခမျိုးစုံနဲ့ရင်ဆိုင်ကြုံတွေ့နေရတာပဲဖြစ်ပါတယ်။တချို့လူငယ်လေးတွေဆိုရင် ထောင်ဒဏ်ချမှတ်ခံလိုက်ရပြီဖြစ်ပြီး တချို့တွေကတော့ မိဘရဲ့ရင်ခွင်ထဲကိုပြန်လည်ရောက်ရှိနေကြပြီဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မကြာသေးခင်ရက်ပိုင်းကဆိုရင်လည်း တာမွေရဲစခန်းရှေ့မှာ ကျောင်းသားလေးတွေကို ပြန်လွှတ်ပေးတဲ့ကားကြီးတွေ ရောက်ရှိလာခဲ့ပါတယ်။လူငယ်လေးတွေခမျာ အိမ်ပြန်ဖို့အတွက် ပိုက်ဆံမရှိကြလို့ အခက်အခဲတွေ့နေရတာပဲဖြစ်ပါတယ်။ဒါ့ကြောင့် တာမွေပြည်သူ့ကွန်ယက်ဂရုကနေ အဲ့ဒီအကြောင်းကိုတင်လိုက်တော့ အိမ်စီးကားတွေနဲ့Taxiတွေ ချက်ချင်းရောက်လာခဲ့ကြတာဖြစ်ပါတယ်။စေတနာရှင်ပြည်သူတွေကတော့ ကလေးတွေရဲ့အိမ်ရှေ့အထိအခမဲ့လိုက်ပို့ပေးခဲ့ကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

လိုက်ပို့ပေးတဲ့စေတနာရှင်တွေကို ပြန်လွတ်လာတဲ့လူငယ်တွေကလည်း ကျေးဇူးတင်ကြောင်းတွေ တဖွဖွပြောနေခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် စေတနာရှင်ပြည်သူတွေကလည်း ကလေးတွေပြန်လွတ်လာလို့ ဝမ်းသာကြောင်းတွေပြောရင်း “နေကောင်းကြလား”” ဘာစားချင်သေးလဲ” ဝယ်ကျွေးချင်လို့ပါ ဆိုပြီး စေတနာတွေပိုနေကြတာဖြစ်ပါတယ်။အခုလိုမျိုး ပြည်သူတွေက အပြန်မလှန်မေတ္တာထားပြီး ဘယ်အချိန်မဆို ကူညီဖို့အဆင်သင့်ရှိနေကြတဲ့အကြောင်းလေးကို ပီတိဖြစ်စွာနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T