ခံစားနေရတဲ့ဝေဒနာတွေကြောင့် အသက် (၁၉) နှစ်မှာပဲ လောကကြီးကနေ အပြီးပိုင်ထွက်ခွာသွားပြီဖြစ်တဲ့ အောင်ခန့်ပိုင်

//s9.kh1.co/f6/f609639c16d86473e46de722d27e0fa1d1e836d7.png
နေ့စဉ်သတင်းများ

 ၁၅-မေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

..

ဆယ်တန်းအရွယ်ကစတင်ပြီး တီဘီဆေးတစ်နှစ်ခွဲခန့်သောက်ရသလို ခါးရိုးခွဲထားရပြီး စကူ (၈) ချောင်းစုပ်ထားရတဲ့ လှိုင်မြို့နယ် (၁၃) ရပ်ကွက်ကအောင်ခန့်ပိုင်ဟာ ဒီနေ့မနက် (၅) နာရီခန့် မှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။ အလှူရှင်တွေရဲ့စေတနာသဒ္ဓါကြေးတွေကြောင့် ခံစားနေရတဲ့ ဝေဒနာတွေကိုကုသဖို့ အလှူငွေရခါနီးမှအခုလိုဖြစ်သွားတာ တကယ်ကိုစိတ်မကောင်းစရာပါ။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ လောကကြီးအကြောင်းဘာမှမသိသေးခင် အိပ်ယာပေါ်မှာပဲ အချိန်တွေကိုကုန်ဆုံးလိုက်ရပြီး နောက်ဆုံးအသက်ပါပေးလိုက်ရတဲ့အထိဖြစ်သွားခဲ့တာပါ။ သားလေးကိုပြန်ကောင်းလာနိုးနဲ့ကုသနေရင်းကမှ ဆုံးရှုံးလိုက်ရတဲ့မိဘတွေရဲ့ ခံစားချက်ကတော့ ရင်ထဲမချိနိုင်အောင်ပါပဲ။

Photo Credit - Aung Ye Lin's FB Acc
Photo Credit - Aung Ye Lin's FB Acc

ခွဲထားတဲ့ခါးရိုးမှာစုပ်ထားတဲ့စကူပြုတ်ထွက်သွားတာကြောင့် နောက်ထပ်ခွဲစိတ်ရမှာဖြစ်ပြီး လက်ရှိမှာလည်း အဆုတ်မှာသွေးခဲပြီး အသက်ရှူမဝတော့ အောက်ဆီဂျင်မဖြုတ်ဘဲ အမြဲတပ်ထားရတဲ့အခြေအနေပါ။ ခံစားနေရတဲ့ဝေဒနာတွေချုပ်ငြိမ်းသွားတာလည်း အောင်ခန့်ပိုင်အတွက်တော့ ကောင်းတဲ့ဖြစ်ရပ်လို့ဆိုရမှာပါပဲ။ နေပြန်ကောင်းလာဖို့ အားလုံးစုပြီးလှူဒါန်းပေးထားတဲ့ အလှူရှင်တွေလည်း အရမ်းကိုစိတ်မကောင်းဖြစ်နေကြပါ တယ်။ ဒီဘဝဒီခန္ဓာမှာပဲ ဒီရောဂါတွေချုပ်ငြိမ်းပါစေ အောင်ခန့်ပိုင်ရေ။

Photo Credit - Aung Ye Lin's FB Acc
Photo Credit - Aung Ye Lin's FB Acc
Photo Credit - Aung Ye Lin's FB Acc
Photo Credit - Aung Ye Lin's FB Acc

အောင်ခန့်ပိုင်ဆီတစ်ခါသွားလှူဖူးပြီး နောက်ထပ်လှူဖို့လည်းစီစဉ်နေတဲ့ ဓာတ်ပုံဆရာ အောင်ရဲလင်းက စိတ်မကောင်းဖြစ်ရကြောင်းကို " ညီလေး အောင်ခန့်ပိုင် ဒီနေ့မနက် (၅) နာရီလောက်ကပဲ ဆုံးသွားပါပြီ။ ကျတော်ညီလေးအဖေနဲ့ အခုပဲဖုန်းပြောပြီးတာဗျ။ ညီလေးရေ ကောင်းရာဘုံဘဝရောက်ပါစေလို့ အကိုတို့ဆုတောင်းပေးပါတယ်နော် ညီလေး။ အလှူငွေတွေမနက်ဖြန် သွားလှူမှာလုပ်ထားတာ ကျတော် ဒီနေ့ညနေပဲ သွားလှူပေးမယ်ခင်ဗျာ။ ?? " ဆိုပြီး ပြောခဲ့ပါတယ်။ ကောင်းရာဘုံဘဝရောက်ရှိပြီး ဖြစ်လေရာဘဝတိုင်းမှာ အနာရောဂါကင်းမဲ့သူဖြစ်ပါစေ။

Photo Credit - Aung Ye Lin's FB Acc
Photo Credit - Aung Ye Lin's FB Acc

သတင်း အရင်းအမြစ်Aung Ye Lin's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T