မိဘမဲ့ဂေဟာနဲ့ စားဝတ်နေရေးခက်ခဲနေတဲ့ ပြည်သူတွေအတွက် စားသောက်ကုန်တွေ လှူဒါန်းလိုက်တဲ့ ရေဗက္ကာဝင်း

//s9.kh1.co/4d/4da54fb7a99ba2d02f470c5bdba8bd37da910601.jpeg
အနုပညာရှင်များ

 ၁၅-မေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

..

အဆိုတော်ရေဗက္ကာဝင်းကတော့ လက်ရှိအခြေအနေတွေကြောင့် ချို့တဲ့ပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရသူတွေကို ဖေးမကူညီကာ ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်နေသူပဲ ဖြစ်ပါတယ်..။

​ပရိသတ်အသိအမှတ်ပြု အားပေးချစ်ခင်မှုတွေနဲ့ အောင်မြင်တဲ့အနုပညာရှင်အဖြစ် လျှောက်လှမ်းနေတဲ့ သူမကတော့ စားဝတ်နေရေးခက်ခဲနေတဲ့ ပြည်သူပရိသတ်တွေကို တတ်နိုင်သလောက် လှူဒါန်းမှုတွေနဲ့ ကုသိုလ်နေတဲ့ အကြောင်းတွေကိုလည်း ပြောပြထားတာ တွေ့ရပါတယ်..။

Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc

ရေဗက္ကာဝင်းကတော့ ဒီကနေ့မှာလည်း စေတနာရှင်တွေရဲ့ လှူဒါန်းမှုတွေနဲ့အတူ မိဘမဲ့ကလေးတွေနဲ့ လိုအပ်နေတဲ့ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေ လှူဒါန်းခဲ့တာလည်း တွေ့ရပါတယ်..။

မှော်ဘီမိဘမဲ့ဂေဟာနဲ့ အိမ်ထောင်စု (၁၀၀) စာ အတွက် ဆန်နဲ့ ဟင်းသီးဟင်းရွက်တွေအပြင် အခြားစားသောက်ကုန်တွေကို လှူဒါန်းခဲ့တာဖြစ်ပြီး အလှူပုံရိပ်တွေကိုလည်း ပရိသတ်တွေ သာဓုခေါ်ကုသိုလ်ယူနိုင်ဖို့ သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ဝေမျှထားပါသေးတယ်..။

Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc

"ဒီနေ့ စေတနာရှင်များဖြစ်ကြတဲ့ Australia Perth မှ မြန်မာမိသားစုများ We love Rebecca Win groupနဲ့ Nestle Myanmar တို့နဲ့ပေါင်းပြီး မှော်ဘီမိဘမဲ့ဂေဟာနဲ့ လိုအပ်နေတဲ့ပြည်သူများကို အိမ်ထောင်စု ၁၀၀စာ

ပေါင်းရှည်ဆန် ၃ပြည်

ဟင်းသီးဟင်းရွက်ဆီ ၁ဗူး

ပဲကြာဇံ ၁ပါကင်

ပဲနီလေး ၁ထုပ်

Maggi  စွယ်စုံသုံးဟင်းခတ်မှုန့် ၂ပါကင် တို့ကို မေတ္တာပြ မျှဝေလှူဒါန်းခဲ့ပါတယ်ရှင် ?.." ဆိုပြီး အလှူပုံရိပ်တွေကို ဝေမျှထားတာပါ..။

အခုလို စားဝတ်နေရေးနဲ့ အစစအရာရာခက်ခဲနေကြတဲ့ အချိန်မှာ ပြည်သူတွေအတွက် လိုအပ်တာတွေ ဖြည့်ဆည်းလှူဒါန်းပေးနေတဲ့ ရေဗက္ကာဝင်းရဲ့ အလှူကုသိုလ်တွေကတော့ တကယ်ကို ကြည်နူးပီတိဖြစ်စေတာလည်း တွေ့ရပါတယ်..။

Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc

သတင်း အရင်းအမြစ်Rebecca Win's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T