မီးငြိမ်းခွင့် မရတာကြောင့် တစ်ဈေးလုံး ပြာကျသည်အထိ မီးလောင်ကျွမ်းခဲ့ရတဲ့ ရွှေဘိုဈေး

//s9.kh1.co/41/41557ab8e07b1caed795af68a3029e333f332adf.jpeg
နေ့စဉ်သတင်းများ

 ၁၅-မေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.......

မေလ (၁၅)ရက်နေ့ နံနက် ၂ နာရီ ဝန်းကျင် လောက်မှာတော့ ရွေဘိုမြို့သူ မြို့သားတွေ အားထားရာ ရွှေဘိုဈေးကြီး မီးစတင် လောင်ကျွမ်းခဲ့ပါတယ်။ သက်ဆိုင်ရာ အနီးအနားက ပြည်သူတွေ ရောက်ရှိလာပြီး မီးငြိမ်းဖို့ စီစဉ်ကြပေမယ့် မီးသတ်တွေလည်း ခြိမ်းခြောက်ခံရလို့ မဝင်ရဲတာကြောင့် အခုလို အခြေအနေ ပိုဆိုးသွားကာ အပြင်ဘက်တွေထိ မီးကူးစက်ပြီး တစ်ဈေးလုံး ပြာကျသည်ထိ ပျက်စီးဆုံးရှုံး မှုတွေ များပြားခဲ့ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

ဒီလိုကာလတွေမှာ ရှိတာလေးတွေ ဆုံးရှုံးသွားရတော့ စျေးသူစျေးသားတွေလည်း ဝမ်းနည်းကြကာ သူတို့ဆိုင်လေးတွေကို ကြည့်ပြီး ငိုနေကြတဲ့ ပုံရိပ်တွေနဲ့ မီးမလောင်ဘဲ ကျန်ခဲ့တဲ့ လက်ဖက်တွေကို ငူငူငိုင်ငိုင်နဲ့ ထိုင်ကြည့်နေတဲ့ ဈေးသည် အန်တီကြီးတွေရဲ့ ပုံရိပ်တွေက ပြည်သူတွေရဲ့ ရင်ကို ထိမှန် စေခဲ့ပါတယ်။ ပျက်ဆီး ဆုံးရှုံးမှုတွေ များတဲ့အတွက် ဈေးသူဈေးသားတွေ ပိုပြီး အခက်တွေ့ စေမှာအမှန်ပါပဲ ။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

ပြာကျသည်ထိ မီးလောင်ကျွမ်းနေတဲ့ ဈေးဆိုင် ပုံရိပ်တွေ ကြည့်ပြီး ပြည်သူအားလုံးကလည်း ဈေးသူ ဈေးသားတွေနဲ့ ထပ်တူ စိတ်မကောင်း ဖြစ်နေကြတာ အမှန်ပါပဲ။ ရွှေဘိုဈေး မီးလောင်ကျွမ်းမှု ဖြစ်စဉ်ကို မြင်တွေ့ခဲ့တဲ့ ပြည်သူတစ်ဦးကလည်း "  " မနက် ၂ နာရီလောက်မှာ မီး လောင်တယ်။ အနားမလာနဲ့ အကုန်လုံး ပစ်သတ် ခံရမယ် ပြောတော့ မီးသတ် တွေ မကပ် ရဲတော့ ဘူး" ဟု ပြောပါတယ်။ တစ်ချို့ ဈေးသားတွေ မီးလောင်တာကြား လို့ စျေးထဲက သူတို့ ပစ္စည်းတွေ သယ် ဖို့ လာတာလဲ ပေးမ၀င်ဘူး မနက် မိုးလင်း မှ မီးသတ်ကား နှစ်စီး ကို ရေဖြန်း ခိုင်းသည် " လို့ဆိုကာ မြင်တွေ့ခဲ့သူတစ်ဦးက ဆိုပါတယ်။ပရိသတ်ကြီးအတွက် ရွှေဘိုဈေး မီးလောင်ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T