အသက်တစ်နှစ်ပြည့်သွားပြီဖြစ်တဲ့ Rဇာနည်ရဲ့သမီးငယ်လေး မစ်မစ်တုန်

//s9.kh1.co/23/23d853f26e660c0e2877a80546470a93c644bb99.jpg
အနုပညာရှင်များ

 ၁၅-မေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

အောင်မြင်ကျော်ကြားတဲ့ အဆိုတော်တစ်ယောက်ဖြစ်သလို တော်လှန်ရေးတိုက်ပွဲကြီးမှာလည်း ပြည်သူတွေနဲ့ အတူရပ်တည်ကာ ဖေဖော်ဝါရီလအစပိုင်းကတည်းက လမ်းပေါ်ထွက်လှုပ်ရှားမှုတွေမှာ အင်တိုက်အားတိုက်ပါဝင်ခဲ့သူကတော့ Rဇာနည်ပဲ ဖြစ်ပါတယ်..။ Rဇာနည်ဟာ သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်တစ်ခုကို ၀မ်းနဲ့အတူတည်ထောင်ထားတာဖြစ်ပြီး ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်အပြင် သမီးလေးမစ်မစ်တုန်လေးကိုပါ ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။

Photo credit-​ Zarni Myo Nyunt's Facebook acc
Photo credit-​ Zarni Myo Nyunt's Facebook acc
Photo credit-​ Zarni Myo Nyunt's Facebook acc
Photo credit-​ Zarni Myo Nyunt's Facebook acc

မစ်မစ်တုန်လေးဟာ အခုဆိုရင်အသက်တစ်နှစ်ပြည့်သွားပြီဖြစ်ပြီးတော့ သူမရဲ့ပထမဆုံးမွေးနေ့လေးကို အိမ်မှာပဲရိုးရိုးရှင်းရှင်းလေးပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဖခင်ဖြစ်သူ Rဇာနည်ဟာလည်း ၅၀၅(က)နဲ့ အမှုဖွင့်အရေးယူခံထားရတဲ့အတွက် တိမ်းရှောင်နေရတာဖြစ်တာကြောင့် သမီးလေးမစ်မစ်ရဲ့ မွေးနေ့လေးကိုမရောက်လာနိုင်ခဲ့တာပါ....။

Photo credit-​ Phit Phit Chit Chit Mhit Mhit's Facebook page
Photo credit-​ Phit Phit Chit Chit Mhit Mhit's Facebook page
Photo credit-​ Phit Phit Chit Chit Mhit Mhit's Facebook page
Photo credit-​ Phit Phit Chit Chit Mhit Mhit's Facebook page

မစ်မစ်လေးရဲ့ တစ်နှစ်ပြည့်မွေးနေ့လေးကို အမှတ်တရပုံလေးတွေနဲ့အတူ Facebookစာမျက်နှာမှာ"မစ်မစ်လေး တစ်နှစ်ပြည့်ပါပြီရှင့် အားလုံးကို ချစ်ပါတယ်ရှင့် ကမ္ဘာပေါ်မှာရှိတဲ့ သူတွေအားလုံးနဲ့ သက်ရှိသတ္တဝါတွေအားလုံး ဘေးရန်ကင်းဖို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့် အထူးသဖြင့် မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ မိဘပြည်သူများအားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာဖို့လဲ ဆုတောင်းပေးလိုက်ပါတယ်ရှင့် ခုကစပြီးမစ်မစ်လေးတို့ကြီးတဲ့ထိ ကမ္ဘာတည်သ၍ အေးချမ်းသာယာပြီး တရားမျှတတဲ့ နိုင်ငံကြီးဖြစ်ပါစေလို့ အမြဲတမ်း ဆုတောင်း ကြိုးစား သွားပါမယ်ရှင့် ....." ဆိုပြီး ရေးသားတင်ပေးခဲ့တာဖြစ်ပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-​ Phit Phit Chit Chit Mhit Mhit's Facebook page
Photo credit-​ Phit Phit Chit Chit Mhit Mhit's Facebook page
Photo credit-​ Phit Phit Chit Chit Mhit Mhit's Facebook page
Photo credit-​ Phit Phit Chit Chit Mhit Mhit's Facebook page

သတင်း အရင်းအမြစ်Phit Phit Chit Chit Mhit Mhit's Facebook page

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T