ကိုရီးယားသွားပြီး လုပ်စားနေတယ်လို့ လူတစ်ချို့မှ ဝေဖန်ပြောဆိုနေကြတာတွေကို ပြန်လည်ဖြေရှင်းလိုက်တဲ့ ဟန်နာယူရီ

//s9.kh1.co/10/10ef53425e05a281b33498d2ffa3a56305e34e4d.jpeg
အနုပညာရှင်များ

 ၁၅-မေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ကြော်ငြာမင်းသမီး အဖြစ်နဲ့သာမက ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာမှာလည်း အောင်မြင်မှုတွေ ရရှိနေသူကတော့ ဟန်နာယူရီပဲ  ဖြစ်ပါတယ်။ သူမကတော့ လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပျက်နေတဲ့ အရာများကိုနိုင်ငံတကာမှ သိရှိအောင် လူမှုကွန်ယက်များမှတစ်ဆင့် ကြိုးစားလုပ်ဆောင်ပေးနေသူ ဖြစ်ပါတယ်ကို။ယ့်အားကိုယ်ကိုးကာ  ကိုရီးယားနိုင်ငံသို့ သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ကမ္ဘာမှသိရှိဖို့အင်တာဗျူးများ ဖြေဆိုနေတာ ဖြစ်ပါတယ်။ 

Photo Crd-Hanna Yuri’s Facebook Account 
Photo Crd-Hanna Yuri’s Facebook Account 
Photo Crd-Hanna Yuri’s Facebook Account 
Photo Crd-Hanna Yuri’s Facebook Account 

ပြင်ဆင်မှုမရှိဘဲ သွားခဲ့ရတာဖြစ်တာကြောင့် အခက်အခဲတွေများစွာနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ ဒီလိုနိုင်ငံအတွက် ကိုယ်တတ်နိုင်တဲ့ အခန်းကဏ္ဍကနေ ကြိုးစားလုပ်ဆောင်ပေးနေတဲ့ ဟန်နာယူရီကို ဝေဖန်ပြောဆိုနေကြသူ တစ်ချို့လည်း ရှိပါတယ်။ အင်တာဗျူးသွားဖြေရာမှာတောင် Taxi ခတွေအများကြီး ကုန်ကျမှာစိုးတဲ့အတွက်အပင်ပန်းခံလမ်းလျှောက်ပြီး မရောက်ရောက်အောင် သွားခဲ့သူပါ။ ဒီလိုလုပ်ပေးနေတဲ့သူကို အပြစ်တင်ပြောဆိုနေကြတဲ့အတွက် ဟန်နာယူရီကိုယ်တိုင် စိတ်မကောင်း ဖြစ်နေတာပါ။ကိုရီးယားနိုင်ငံသို့ သွားရောက်တာကို လူတစ်ချို့က သူမရဲ့ အကျိုးအတွက်လို့ ထင်မှတ်နေကြတာကို မနေ့ညက လူမှုကွန်ယက်စာမျက်နှာတွင် အခုလို ပြန်လည်ဖြေရှင်းလာတာ ဖြစ်ပါတယ်။ 

Photo Crd-Hanna Yuri’s Facebook Account 
Photo Crd-Hanna Yuri’s Facebook Account 
Photo Crd-Hanna Yuri’s Facebook Account 
Photo Crd-Hanna Yuri’s Facebook Account 

သူမကလည်း " Korea ရောက်ပြီး ဒီinterview တွေ campaignတွေအတွက်ငွေတစ်ပြားမှမရပါဘူးရှင်။ Korea မှာလုပ်စားနေတယ်ပြောထွက်ကြလို့ကျွန်မက Interview တွေမှာကိုယ့်ကိုbus ကားစီး အရမ်းဝေးတဲ့နေရာတွေချိန်းရင်ကိုယ့်ကိုယ် taxi ငှားရင် ၃၀၀၀၀ကျော်ကျလို့ ဝင်ငွေမရှိလို့ချွေတာရင်းလမ်းတွေသေအောင်လျှောက်သွားတွေ့ရတာပါ။ကိုရီးယားလူမျိုး​တွေဆီကအကူညီရတာသက်သက်ငွေကြေးဘာမှမရပါ၊မယူပါဘူးနော်။အစား၊juiceဖိုးကအစလည်းကိုယ်ကိုယ်ရှင်းပါ။ ကျွန်မကနိုင်ငံရေးသမားမဟုတ်နိုင်ငံရေးခိုလှုံခွင့်ယူထားတဲ့သူမဟုတ်လို့ဘာထောက်ပံမှုမှမရပါဘူး။ နာမည်ကြီးသတင်းCompany ကိုအသိညီမလေးကိုtranslatorအဖြစ် ငှားပေးဖို့ပြောတာကို budget မရှိဘူးဆိုပြီးသူတို့ဘက်ကလူMyanmar translator အားတဲ့အချိန်တွေ့ရမှာမို့ မနက်အစောကြီးဟိုကို ၉ခွဲအရာက်bus ကားစီးသွားဖို့လည်းလက်ခံခဲ့ပါတယ်။ငါအနုပညာရှင်ငါနာမည်ကြီးဆိုပြီးမာနဆိုတာလည်းမရှိတော့ဘူး။ ကျွန်မသိပ်တန်ဖိုးထားတဲ့ဖြစ်တည်မှုလည်းမရှိတော့ဘူးခံစားရတယ်။ အရေးထဲက မြန်မာ့အရေးဗန်းပြမဆိုင်တဲ့ဟာတွေမှာအလကားယူခေါ်အသုံးချချင်တဲ့သူတွေကသက်သက်ရှိသေးတယ် ။ကိုယ့်စားရိတ်ကိုယ်ခြေကိုယ့်လက်နဲ့  ရုန်းနေရတာပါရှင်။ကျွန်မလည်းအရမ်းစိတ်ပင်ပန်းလှပြီတကယ်ပါ အဆင်မပြေမှုဒါတွေကိုထပ်ခါမပြောချင်ပါဘူး။နိုင်ငံကိုစွန့်သွားတယ်ပြောရအောင်ကျွန်မကအရင်ထဲကမြန်မာမှာသိပ်မနေသိပ်အလုပ်မလုပ်ဖြစ်ခဲ့ပါ။ဒါပေမဲ့မြန်မာနိုင်ငံကိုချစ်တယ်ဘယ်တော့မှမစွန့်ခွာပါ။ပြန်ကိုပြန်လာမှာပါ။ မဖြစ်မနေထွက်ခဲ့ရပေမယ့် ကျွန်မတာဝန်ကျေမြဲကျေနေမှာပါ။သာတုန်းပြန်လာစီးပွားရှာ အဆင်မပြေပြန်ထွက်သွားတဲ့သူ မဟုတ်တာ အားလုံးသိမှာပါ publicကိုဗြောင်ညာလို့မရပါဘူးရှင်။ကိုရီးယားအေဂျင်စီ နဲ့ ကFebruary ကနေတင်ရမယ့် post ကိုမတင်တဲ့အတွက်အဆင်မပြေမှုတွေရှိ

ပါတယ် အမြန်အပြတ်ဖြတ်ချင်တာမို့ ညှိမရရင်မျက်နှာညိုးငယ်စွာနဲ့Facebook မှာတင်ဖို့ နားလည်ပေးဖို့မြန်မာကfollowers တွေကိုတောင်းပန်ရပါဦးမယ် " ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ အမှန်တရားဘက်ကနေ ရပ်တည်ပေးနေတဲ့ အခြားသော အနုပညာရှင်များကလည်း မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ အကြောင်းအရာများကို အားလုံးသိရှိရအောင် တတ်နိုင်တဲ့ဘက်ကနေ Speak Out လုပ်ပေးနေကြတာ အားရစရာပါပဲနော်။ ဒီလိုလုပ်ပေးနေကြသူများကို အပြစ်မပြောကြဘဲ အကောင်းဘက်ကနေ တွေးပေးကြဖို့ တိုက်တွန်းရင်းဟန်နာယူရီရဲ့ သတင်းကို တင်ဆက်ပေးလိုက်ရပါတယ်။

Source and Photo Crd-Hanna Yuri’s Facebook Account 

Photo Crd-Hanna Yuri’s Facebook Account 
Photo Crd-Hanna Yuri’s Facebook Account 
Photo Crd-Hanna Yuri’s Facebook Account 
Photo Crd-Hanna Yuri’s Facebook Account 
https://s9.kh1.co/__image/w=650,h=571,q=100/1e/1e34104b8b4e4fef634a57438aea3bbcab21d319.jpeg
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T