ကိုယ်ပိုင်အလှတရားတိုင်းဟာတန်ဖိုးရှိကြောင်းပြသနိုင်ဖို့ ရင်ဘတ်ပေါ်က အမာရွတ်တွေကို မဖုံးကွယ်ဘဲ ရဲရဲဝံ့ဝံ့ဖော်ပြခဲ့တဲ့ သူဇာဝင့်လွင်

//s9.kh1.co/c6/c6fac3a0f07a8cf8cd7b9cfe0c000bed82bdcc50.png
အနုပညာရှင်များ

 ၁၅-မေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

..

Miss Universe Myanmar သူဇာဝင့်လွင်ဟာ အလှတရားရော အရည်အချင်းပါပြည့်စုံသူ တစ်ယောက်ပါ။ သူမအသက် (၁၉) နှစ်အရွယ်မှာ ရင်သားမှာအဆီကြိတ်စတင်တွေ့ရှိခဲ့ပြီး အချိန်မီမခွဲစိတ်ပါက ရင်သားကင်ဆာဖြစ်နိုင်ချေရှိတာကြောင့် အမြန်ခွဲစိတ်ခဲ့ရပါတယ်။ ခွဲစိတ်ထားတဲ့ အမာရွတ်ကနေတဆင့် အလာ့ဂျစ်တွေဖြစ်လာခဲ့ပြီးနောက် အရင်ထက်ပိုကြီးတဲ့ အမာရွတ်တစ်ခု ဖြစ်သွားခဲ့ပါတယ်။ မော်ဒယ်လုပ်ငန်းတွေစတင်လုပ်ကိုင်တဲ့အချိန်မှာ ဒီအမာရွတ်ကို လေဆာနဲ့ဖျက်ပစ်ဖို့လုပ်ခဲ့ပေမယ့် အရေပြားပေါ်ကအမာရွတ်တစ်ခုဟာ သူမရဲ့အရည်အချင်းနဲ့ ကြိုးစားမှုတွေကို ရပ်တန့်ပစ်နိုင်မှာ မဟုတ်တာကြောင့် ဖျက်ပစ်မယ့် အစီအစဉ်ကို ရပ်တန့်လိုက်ပါတယ်။

Photo Credit - Thu Zar Wint Lwin's FB Acc
Photo Credit - Thu Zar Wint Lwin's FB Acc
Photo Credit - Thu Zar Wint Lwin's FB Acc
Photo Credit - Thu Zar Wint Lwin's FB Acc

Miss Universe Myanmar အဖြစ်ရွေးချယ်ခံရစဉ်တုန်းကလည်း မိသားစုတွေဂုဏ်ယူရတဲ့သမီးလေး ဖြစ်ခဲ့သလို အမျိုးသမီးတွေအတွက်လည်း အသိပညာပေးနိုင်တဲ့ Miss တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ပြိုင်ပွဲမဝင်ခင်ရော ဝင်နေစဉ်မှာရော အခက်အခဲတွေမျိုးစုံ တွေ့ကြုံခဲ့ရပေမယ့် စိတ်ဓာတ်ကျမနေဘဲ ဖြစ်လာတဲ့အခက်အခဲတွေအပေါ်မှာ သင်ခန်းစာယူပြီး အရင်ကထက်ပိုတဲ့ ကြိုးစားမှုတွေနဲ့ အားလုံးရဲ့ ရှေ့ကိုအပြုံးမပျက်ထွက်လာခဲ့ပါတယ်။ Miss Universe National Costume ပွဲအတွက် အဓိက စီစဉ်ထားတဲ့ဝတ်စုံရောက်မလာခဲ့ပေမယ့် ချင်းရိုးရာဝတ်စုံနဲ့ ယှဉ်ပြိုင်ခဲ့ပြီး မြန်မာပြည်အတွက် ရတဲ့ဖက်က Speak Out လုပ်သွားခဲ့ပါသေးတယ်။

Photo Credit - Thu Zar Wint Lwin's FB Acc
Photo Credit - Thu Zar Wint Lwin's FB Acc
Photo Credit - Thu Zar Wint Lwin's FB Acc
Photo Credit - Thu Zar Wint Lwin's FB Acc

ဒီနေ့မှာလည်း သူမရဲ့အပြာရောင် Bikini ဝတ်စုံလေးနဲ့ လှရက်လွန်းတဲ့ပုံရိပ်တွေနဲ့အတူ အမျိုးသမီးတိုင်းဟာ ကိုယ်ပိုင်အလှတရားရှိကြောင်းနဲ့ ဒီအလှတရားကိုတန်ဖိုးထားဖို့လိုကြောင်း ပြောပြခဲ့ပါတယ်။ မတူညီတဲ့ ခန္ဓာကိုယ်အချိုးအစားတွေကို ရှုံ့ချနေဖို့မလိုဘဲ ရှိရင်းစွဲအလှတရားကို လက်ခံပြီးချီးမွန်းပေးဖို့လိုတယ်လို့ ဆိုပါတယ်။ သူမကိုယ်တိုင်လည်း ရင်ဘတ်ကအမာရွတ်ကိုမဖုံးကွယ်ဘဲ ရဲရဲဝံ့ဝံ့ဖော်ပြခဲ့ပါတယ်။ ကိုယ်တိုင်ရဲ့ အတွေ့အကြုံနဲ့ ယှဉ်ပြီး အမျိုးသမီးတွေအတွက် အသိပညာပေးတတ်တဲ့ Miss Universe Myanmar လေးကို ပွဲစဉ်တစ်လျှောက်အားပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Photo Credit - Thu Zar Wint Lwin's FB Acc
Photo Credit - Thu Zar Wint Lwin's FB Acc

သတင်း အရင်းအမြစ်Thu Zar Wint Lwin's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T