69th Miss Universe ပြိုင်ပွဲကြီးရဲ့ Preliminary Competition ကို အမှားအယွင်းမရှိ ကျော်ဖြတ်နိုင်ခဲ့တဲ့ သူဇာဝင့်လွင် Full Performance Video

//s9.kh1.co/87/871fc26863ff0ba03c4ced7b71123f436f819b18.jpg
အနုပညာရှင်များ

 ၁၅-မေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ဒီနေ့ မြန်မာစံတော်ချိန် မနက်ခင်း( ၅ နာရီနဲ့ ၃၀ မိနစ်) ဝန်းကျင်ခန့်မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ (၆၉)ကြိမ်မြောက် Miss Universe ပြိုင်ပွဲကြီးရဲ့ Preliminary Competitions ကို မြန်မာကိုယ်စားပြု အလှမယ် သူဇာဝင့်လွင်ကတော့ အမှားအယွင်း မရှိ အောင်မြင်စွာ ကျော်ဖြတ် နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ Candyလေး ကတော့ ပရိသတ်တွေသိကြတဲ့ တေးသံရှင် မေရဲ့ တစ်ဦးတည်းသော ညီမလေး ဖြစ်ပြီး Miss Universe Myanmar 2020ရဲ့ Winner ဆုကြီးကို ထိုက်ထိုက်တန်တန် ရရှိခဲတဲ့ အလှမယ် တစ်ဦးပဲ ဖြစ်ပါတယ်။

Photo Crd - We Love Thuzar Wint Lwin Gp
Photo Crd - We Love Thuzar Wint Lwin Gp
Photo Crd - We Love Thuzar Wint Lwin Gp
Photo Crd - We Love Thuzar Wint Lwin Gp

လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သတ် ပြီး Stress အမျိုးမျိုး ရှိပေမယ့်လည်း ခံစား ချက်တွေကို မျိုသိပ်ကာ Miss Universe ပြိုင်ပွဲကြီး အတွက် မြန်မာတွေ မျက်နှာ မငယ်ရအောင် ကြိုးစားပမ်းစား နဲ့ ယှဥ်ပြိုင်နေတဲ့ အလှမယ် တစ်ဦး ပဲ ဖြစ်ပါတယ်။ ဒီနေ့ မနက်ခင်း မှာတော့ သူဇာဟာ Miss Universe ပြိုင်ပွဲကြီး ရဲ့ စင်မြင့်ထက်မှာ လှပတဲ့ လျှောက်လှမ်းတွေနဲ့ အတူ အမှားအယွင်းမရှိ ဖြတ်ကျော်နိုင်ခဲ့တာတွေကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ Video နဲ့တကွ ဖော်ပြလာခဲ့တာပဲ ဖြစ်ပါတယ်။

Photo Crd - We Love Thuzar Wint Lwin Gp
Photo Crd - We Love Thuzar Wint Lwin Gp
Photo Crd - We Love Thuzar Wint Lwin Gp
Photo Crd - We Love Thuzar Wint Lwin Gp

"Prelims experience was awesome.

I'm blessed that I could make it this far. It felt surreal yet nostalgic to be on Miss Universe stage and among all these amazing women.

I hope you enjoy my performance. See you again on May 16.

Miss Universe ပွဲကြီးရဲ့ Preliminary competiton မှာ ရှိသမျှစိတ်ရောကိုယ်ပါနှစ်ပြီး သူဇာ အကောင်းဆုံးကြိုးစားခဲ့ပါတယ်

Prelims နဲ့ Closed door interview က result တွေကိုပေါင်းပြီး ဆန်ကာတင်အယောက် ၂၁ ကို ရွေးချယ်မှာမို့ သူဇာ့ ကို အားပေးနေတဲ့ ပရိတ်သတ်တွေအားလုံးအတွက် ဝမ်းသာစိတ်ကျေနပ်စရာရလဒ်ကို ယူဆောင်ပေးခွင့်ရပါစေလို့လည်း ဆုတောင်းနေပါတယ်

အားလုံး ဘေးကင်းလုံခြုံအောင်နေကြပါ

၁၆ ရက်နေ့ညနေ (မြန်မာစံတော်ချိန်နဲ့ ၁၇ ရက်နေ့ မနက်) အားလုံးနဲ့အတူတူ ပျော်ရွှင်ခွင့်ရချင်ပါတယ်

Love you all! ......" ဆိုပြီး ဖော်ပြလာခဲ့တာပဲ ဖြစ်ပါတယ်။ အောက်က Link ထဲမှာ သူဇာရဲ့ Full Performance Video ကို ကြည့်ပြီး ရင်သက်ရှူ့မော လိုက်ကြပါဦးနော်..........။

Photo Crd - We Love Thuzar Wint Lwin Gp
Photo Crd - We Love Thuzar Wint Lwin Gp
Photo Crd - We Love Thuzar Wint Lwin Gp
Photo Crd - We Love Thuzar Wint Lwin Gp
Photo Crd - We Love Thuzar Wint Lwin Gp
Photo Crd - We Love Thuzar Wint Lwin Gp

သတင်း အရင်းအမြစ်Thuzar Wint Lwin'FB Page

https://fb.watch/5v04w5Ux6F/

Win Zaw Oo
A Win

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T