ကံပေါက်ကပြည်သူတွေရဲ့ ညီညာတဲ့ကြွေးကြော်သံတွေနဲ့ အာဏာရှင်ကိုဆန့်ကျင်နေတဲ့ ဗီဒီယို

//s9.kh1.co/99/9924a60171648c521ea11bbfb1812b82b0988b83.jpg
နေ့စဉ်သတင်းများ

 ၁၅-မေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

ဆန္ဒပြသပိတ်စစ်ကြောင်းတွေ နေ့တိုင်းနီးပါး ထွက်ရှိနေတဲ့ ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ဒေသမှာတော့ ဒီနေ့ မေလ ၁၅ ရက်နေ့

နံနက်ပိုင်းမှာလည်း အာဏာရှင်ကိုဆန့်ကျင်တဲ့ သပိတ်စစ်ကြောင်း ထွက်ရှိခဲ့တာကို တွေ့ရပါတယ်။

ဒီစစ်ကြောင်းအတွင်းမှာတော့ လူဦးရေ တစ်ရာဝန်းကျင်လောက် လိုက်ပါခဲ့ကြပြီး လမ်းမတွေပေါ်မှာ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

Photo credit orginal uploader
Photo credit orginal uploader

ဒီစစ်ကြောင်းဟာ တပ်ဦးအလံကိုလွှင့်ထူကာ စစ်ကျွန်ပညာရေး အလိုမရှိ ၊ တိုက်ပွဲရှိရင်အောင်ပွဲရှိတယ် အဆုံးထိတိုက်မယ့် ကံပေါက် ၊ နွေဦးတော်လှန်ရေး စတဲ့စာတန်းတွေကို ကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

အွန်လိုင်းပေါ်တက်လာတဲ့ ဗီဒီယိုတစ်ခုထဲမှာဆိုရင်လည်း ဆန္ဒထုတ်ဖော်တဲ့ ပြည်သူတွေဟာ သွေးသစ္စာသီချင်းကို သီဆိုခဲ့ကြပြီးနောက် အာဏာရှင်ကို ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေကို ဟစ်ကြွေးခဲ့ကြတာကို တွေ့ရပါတယ်။

Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader

ဆန္ဒထုတ်ဖော်သူတွေဟာ " တစ်အိမ်တစ်ယောက်ပဲ ထွက်ခဲ့ပါဦး လမ်းမကြီးတောင်ပြည့်သွားဦးမယ် ၊ ကျောင်းမတက်နဲ့ ကျောင်းထွက် ၊ စစ်ကျွန်ပညာရေး အလိုမရှိ ၊ ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေး ၊ အရေးတော်ပုံ အောင်ရမယ် အောင်ကိုအောင်ရမည် အပြင် အခြားသောကြွေးကြော်သံတွေကိုလည်း ဟစ်ကြွေး ဆန္ဒဖော်ထုတ်ခဲ့ကြပြီးနောက် လူစုခွဲခဲ့တာကို တွေ့ရပါတယ်။

လူစုခွဲတဲ့အခါမှာလည်း တစ်ယောက်မှ အထိအခိုက်မရှိ ၊ ဖမ်းဆီးခံရတာမျိုး မရှိပဲ အောင်မြင်စွာ လူစုခွဲနိုင်ခဲ့တယ်လို့ သိရပါတယ်။

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T