ဒီကာလမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ စိတ်မွန်းကြပ်မှုတွေပြေပျောက်အောင် လုပ်လေ့ရှိတဲ့ နည်းလမ်းတစ်ချို့ကို ပြောပြလာတဲ့ ချောရတနာ

//s9.kh1.co/00/0032b0c5c0a6d45968ea7f25d5760dcb1ee7ae23.jpeg
အနုပညာရှင်များ

 ၁၅-မေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

သားလေးမွေးဖွားပြီးနောက်ပိုင်း အနုပညာလှုပ်ရှားမှုတွ သိပ်မလုပ်ဖြစ်တော့ပေမယ့်လည်း ပရိသတ်တွေရဲ့အားပေးမှုကို ရရှိထားဆဲ မင်းသမီးကတော့ ချောရတနာပဲ  ဖြစ်ပါတယ်။ သူမကတော့ ပြည်သူတွေနဲ့အတူ ဓမ္မဘက်ကနေ အခိုင်အမာရပ်တည်ခဲ့သူ  တစ်ဦးဖြစ်ပါတယ်။ တတ်နိုင်တဲ့အခန်းကဏ္ဍကနေ ပြည်သူတွေရဲ့ လိုအပ်ချက်တစ်ချို့ကို ကူညီပေးနေတာလည်း ဖြစ်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေများကြောင့် စိတ်မွန်းကြပ်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရသူတွေ များစွာရှိနေကြတာ ဖြစ်ပါတယ်။ 

Photo Crd-Chaw Yadanar’s  Facebook Account 
Photo Crd-Chaw Yadanar’s Facebook Account 
Photo Crd-Chaw Yadanar’s  Facebook Account 
Photo Crd-Chaw Yadanar’s Facebook Account 

​သူတို့ရဲ့ မွန်းကြပ်မှုတွေကို  ပြေပျောက်စေရန် စိတ်အပန်းဖြေမှုနည်းလမ်းတွေကို ရှာဖွေနေကြတာ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း  သရုပ်ဆောင် ချောရတနာရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်  သူမကိုယ်တိုင်မွန်းကြပ်မှုတွေနဲ့ ကြုံတွေ့ရတဲ့အခါ ပြုလုပ်လေ့ရှိတဲ့ အရာများကို ပရိသတ်တွေအား ပြန်လည် ရေးသား ဝေမျှပေးထားတာ ဖြစ်ပါတယ်။ " အခုချိန်မှာလူတိုင်းစိတ်တွေမွန်းကြပ်နေတာပါ။ မွန်းကြပ်နေတဲ့စိတ်​တွေကိုဖြေဖျောက်ဖို့ စိတ်ခွန်အားဖြစ်စေမဲ့စာတွေဖတ်တယ် ။ ကိုယ်ဖတ်လို့ အသိခွန်အားရရင် ချစ်တဲ့သူတွေလည်း

ရစေချင်တဲ့စိတ်နဲ့ Share ပေးတယ်။ ပန်းပင်လေးတွေစိုက်တယ် ပန်းလေးတွေပွင့်တော့ပီတိဖြစ်ရတယ်။ အခုလိုစိတ်ထွက်ပေါက်အမျိုးမျိုးရှာရတာပေါ့နော်။ တစ်ခါတလေ အရမ်းမွန်းကျပ်လို့ ငိုချင်လာရင်အားရပါးရငိုချလိုက်တယ်။ ဒီကာလ ဘယ်သူမှ မပျော်ရွှင်ပေမယ့် စိတ်ဓာတ်တွေမကျအောင် စိတ်သက်သာရာရအောင်တော့ကြိုးစားနေထိုင်ရမှာပဲလေနော်။  ဪ အဓိကပြောချင်တာက 

ကျွန်မဘုရားနေ့တိုင်းဝတ်ပြုဆုတောင်းပေမယ့်??????ခန္တီ ပါရမီတော့ အားမကောင်းသေးဘူးရှင့် ?အသိသတိတော့ကပ်ပါကိုယ့်ကိုကိုယ်ပြောတာပါ? " ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ 

Photo Crd-Chaw Yadanar’s  Facebook Account 
Photo Crd-Chaw Yadanar’s Facebook Account 
Photo Crd-Chaw Yadanar’s  Facebook Account 
Photo Crd-Chaw Yadanar’s Facebook Account 

ပရိသတ်များကလည်း မိဘကျေးဇူးကို သိတတ်ပြီး ငယ်စဉ်ကတည်းက ဘာသာရေးကိုင်းရှိုင်းလွန်းတဲ့ ချောရတနာကြုံတွေ့နေရတဲ့ စိတ်ဆင်းရဲမှုတွေ အမြန်ဆုံး ကင်းဝေးပါစေလို့ ဆုတောင်းပေးထားကြတာ ဖြစ်ပါတယ်။ ဒီကာလမှာ လူတိုင်းရဲ့စိတ်တွေက အတက်အကျ အရမ်းကို မြန်ဆန်နေကြတာ ဖြစ်ပါတယ်။ အားလုံးခံစားနေရတဲ့ အရာတွေ အမြန်ဆုံး ကင်းဝေးပပျောက်ကာ အရင်လို ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေ ပြန်လည်ရရှိကြပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Chaw Yadanar’s  Facebook Account 

Photo Crd-Chaw Yadanar’s  Facebook Account 
Photo Crd-Chaw Yadanar’s Facebook Account 
Photo Crd-Chaw Yadanar’s  Facebook Account 
Photo Crd-Chaw Yadanar’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T