မကျဆုံးခင်အချိန်မှာ မိခင်ကိုနောက်ဆုံးပြောဖြစ်ခဲ့တဲ့ သူရဲကောင်းတစ်ဦး ရဲ့စကားလေး

//s9.kh1.co/86/8694f382089635cdf176ff2e4622aa8c2bbb77e9.jpeg
နေ့စဉ်သတင်းများ

 ၁၅-မေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

မကျဆုံးခင်အချိန်မှာ မိခင်ကိုနောက်ဆုံးပြောဖြစ်ခဲ့တဲ့ သူရဲကောင်းတစ်ဦး ရဲ့စကားလေး

လက်ရှိအခြေအနေကနေ လွတ်မြောက်ဖို့အတွက် အသက်ကိုတောင်ပေးပြီး ကြိုးစားသွားကြတဲ့သူရဲကောင်းတွေကိုပြည်သူလူထုက အစဉ်အမြဲအောက်မေ့သတိရပြီး လေးစားနေကြတာပဲဖြစ်ပါတယ်။ရက်ပေါင်း(၁၀၀)ကျော်သွားပြီဖြစ်တဲ့ ဒီကာလကြီးမှာ ပြည်သူတွေဘက်ကနစ်နာဆုံးရှုံးမှုတွေရှိပေမယ့်လည်း စိတ်ဓာတ်ခွန်အားအပြည့်နဲ့ဆက်လက်ရင်ဆိုင်နေကြဆဲဖြစ်ပါတယ်။လတ်တလောမှာဆိုရင် မင်းတပ်မြို့မှာလည်း အခြေအနေတွေပြင်းထန်နေတာကြောင့် ကျဆုံးသူတွေထပ်မံရှိလာခဲ့ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မေလ(၁၄)ရက်နေ့ကဆိုရင်လည်း မင်းတပ်မြို့က သူရဲကောင်း Ghung Om Ghungကတော့ လှုပ်ရှားမှုမှာပါဝင်ရင်းကျည်ထိမှန်ပြီး ကျဆုံးသွားခဲ့တာဖြစ်ပါတယ်။Ghung Om Ghung  ကျဆုံးချိန်မှာ အသက်ငယ်ငယ်လေးပဲရှိသေးတာကြောင့် မိဘတွေအနေနဲ့လည်း ရင်ကျိုးနေရတာပဲဖြစ်ပါတယ်။အသက်သာငယ်ပေမယ့် ရဲစွမ်းသတ္တိအပြည့်ရှိပြီး ရှေ့ဆုံးကနေပါဝင်ခဲ့တဲ့ သူရဲကောင်းလေး အသက်ပေးသွားရလို့ ပြည်သူတွေကလည်း နှမျောတသဖြစ်ပြီးဝမ်းနည်းနာကျင်နေရတာပဲဖြစ်ပါတယ်။    

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Ghung Om Ghung က မေလ(၁၃)ရက်နေ့ ညပိုင်းမှာ မိခင်ဖြစ်သူကို “မေမေရေ သားပါလာတဲ့မုန့် နည်းနည်းကျန်သေးလို့ ဘေးကလူကိုကျွေးလိုက်တယ်။သားကစားချင်စိတ်မရှိလို့ မစားဘူး။ဒရုန်းနဲ့သားတို့ကိုရှာနေကြပြီ၊ပုန်းဦးမယ်နော်”လို့ နောက်ဆုံးပြောဖြစ်ခဲ့သေးတာဖြစ်ပါတယ်။သူရဲကောင်းလေးကတော့ စိတ်ရင်းစေတနာဖြူစင်လို့တခြားသူအပေါ်မှာလည်း ကိုယ်ချင်းစာတတ်ပါတယ်။Ghung Om Ghungရဲ့ နောက်ဆုံးအမှတ်တရဖြစ်တဲ့ မိခင်ကိုပြောခဲ့တဲ့စကားလေးက ရင်ထဲကိုထိမှန်စေလို့  ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T