မိတ်ကပ်ပညာမှာ ထိပ်တန်းကနေ အောင်မြင်မှုတွေရရှိထားသလို စကားပြောပွင့်လင်းတာကြောင့် ပရိသတ်တွေ အားပေးချစ်ခင်ကြတဲ့ မိတ်ကပ်ပညာရှင် မေဦးကတော့ တော်လှန်ရေးတိုက်ပွဲကြီးမှာ ပြည်သူတွေနဲ့အတူ အင်တိုက်အားတိုက်ပါဝင်နေသူပဲ ဖြစ်ပါတယ်..။
အရေးတော်ပုံအောင်မြင်ဖို့အတွက် တစ်ထောင့်တစ်နေရာကနေ တတ်နိုင်သလောက် အစွမ်းကုန်ပါဝင်နေတဲ့ မေဦးကတော့ ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူခြင်း ခံထားရသလို လက်ရှိမှာလည်း Gen Z Burma အဖွဲ့ဝင်အဖြစ် နယ်စပ်တစ်နေရာကို ရောက်ရှိနေတာ ဖြစ်ပါတယ်..။
မေဦးကတော့ လတ်တလော မလုံခြုံတဲ့အခြေအနေတွေမှာ ကလေးတွေကိုအတင်းအကြပ် ကျောင်းမလွှတ်ဖို့ မိဘတွေထံမေတ္တာရပ်ခံ တိုက်တွန်းပြောပြလာတာလည်း တွေ့ရပါတယ်..။
တချို့မိဘတွေရဲ့ အတင်းအကြပ်တိုက်တွန်းမှုကြောင့် ကျောင်းမသွားချင်လို့စိတ်ညစ်ပြီး သူ့ကို လာတိုင်ပင်တဲ့ ကလေးတွေရှိပြီး ကျောင်းသားတွေအတွက် ကျောင်းမှာ မလုံခြုံမှု မရှိတဲ့ အကြောင်းတွေကို မေဦးက ရှင်းလင်းပြောပြထားတာပါ..။
"တစ်ချို့ Gen Lee မိဘတွေခလေးတွေကိုအတင်းအကြပ်ကျောင်းတက်ရမယ်ပြောလို့ မေဦးကို messenger ကနေ ကျောင်းမသွားချင်လို့လာတိုင်ပင် တဲ့ကျောင်းသားလေးတွေအများကြီးရှိပါတယ်
အခုတော့ အဲ့ဒီ Gen Lee မိဘတွေကြည့်ကြပါခင်ဗျာ စစ်သူပုန်တွေသောင်းကျန်နေချိန်မှာခဗျားတို့သားသမီးတွေကျောင်းမှာလဲမလုံခြုံဘူးဆိုတာ အမြင်မှန်ရကြပါခင်ဗျာ.." ဆိုပြီး ရေးသားပြောပြထားတာပါ..။
ပြည်သူပရိသတ်တွေကလည်း မေဦးနဲ့ သဘောထားခြင်း တူညီကြတဲ့အကြောင်းတွေကို Comment တွေမှာ မှတ်ချက်ပေး ပြန်လည်ရေးသားပြောပြထားကြတာ တွေ့ရပါတယ်..။
သတင်း အရင်းအမြစ်៖ May Oo's Fb Acc