အကူအညီလိုအပ်နေတဲ့ ဒလမြို့နယ် စံပြရွာကျူးမိသားစု (၄၅၀) ကျော်အတွက် အလှူငွေရဖို့ ကြိုးပမ်းနေရတဲ့ ဝေဠုကျော်ဖောင်ဒေးရှင်း

//s9.kh1.co/a8/a8f160378d5ae7c6bd4cd8af7486ae320f57d511.png
အနုပညာရှင်များ

 ၁၄-မေ-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

..

ပရဟိတအကျိုးတော်ဆောင်တွေဟာ ကိုယ်တိုင်လည်းအိတ်စိုက်ပြီးလှူဒါန်းသလို လိုအပ်သူတွေများလာတဲ့ အချိန်မှာလည်း စေတနာရှင်တွေရဲ့ သဒ္ဓါငွေကြေးတွေစုပေါင်းပြီး ပြန်လည်လှူဒါန်းရတာမျိုးတွေရှိပါတယ်။ ဝေဠုကျော်ဖောင်ဒေးရှင်းဟာ ရပ်တည်လာတာ အချိန်တစ်ခုထိကြာမြင့်ခဲ့ပြီဖြစ်ပြီး အလှူရှင်ပေါင်းများစွာရဲ့ စေတနာတွေကို လိုအပ်နေသူတွေဆီ အရောက်ပို့ပေးတဲ့ ပရဟိတအကျိုးတော်ဆောင်တွေအဖြစ်နဲ့ မိမိတို့ရဲ့ဘဝကို ကျေနပ်ပျော်ရွှင်နေခဲ့ပါတယ်။ မနေ့က ဒလမြို့နယ် ဆာဖာရီချောင်ကျူးအိမ်တွေကို သွားလှူဒါန်းစဉ်မှာလည်း ဖောင်ဒေးရှင်းအဖွဲ့ဝင်တစ်ယောက်ရဲ့ မွေးနေ့ကို ကျူးမိသားစုတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲခဲ့ကြပါတယ်။

Photo Credit - Wai Lu Kyaw Foundation's FB Acc

အများအကျိုးဆောင်ရင်း ဘဝကိုပျော်ပျော်ကြီးဖြတ်သန်းနေကြတဲ့ ဖောင်ဒေးရှင်းအဖွဲ့ဝင် တွေရဲ့ စေတနာမေတ္တာတွေကတော့ ပြောမကုန်နိုင်အောင်ပါပဲ။ ဒီနေ့မှာလည်း နောက်ထပ် အလှူခံလာတဲ့ ကျူးမိသားစုတွေရဲ့ အခြေအနေကို သွားရောက်ကြည့်ရှုခဲ့တဲ့ပုံရိပ်တွေကို " 14-5-2021 အလှူခံထားတဲ့ ဒလမြို့နယ်၊ စံပြရွာကျူးအိမ်တွေပါ။ အိမ်ခြေ (၄၅၀) ကျော်ရှိတာကြောင့် အကုန်မလှူနိုင်သေးပါဖူး။ အကုန် လှူပေးနိုင်အောင် အလှူရှင်ထပ်ရှာရဦးမှာပါ။ မှော်ဘီကကျူးတွေကလည်း အလှူခံလာတာကြောင့် ဒလပြီးရင်လည်း မှော်ဘီကျူးတွေအတွက်လည်း ထပ်ကြိုးစားရပါဦးမယ်။ " ဆိုပြီး ဝေမျှခဲ့ပါတယ်။

Photo Credit - Wai Lu Kyaw Foundation's FB Acc
Photo Credit - Wai Lu Kyaw Foundation's FB Acc
Photo Credit - Wai Lu Kyaw Foundation's FB Acc
Photo Credit - Wai Lu Kyaw Foundation's FB Acc

အခုလိုအခက်အခဲအကျပ်အတည်းကာလတွေမှာ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ကူညီရင်း ရပ်တည်သွားရမှာပါ။ နဂိုကတည်းက မပြည့်စုံတဲ့ဘဝတွေမှာ ကျင်လည်နေရတဲ့ ကျူးမိသားစုတွေဟာ အခုလိုအချိန်မှာ ပိုပြီးခက်ခဲမယ်ဆိုတာ အသေအချာပါပဲ။ စားဝတ်နေရေးခက်ခဲနေတဲ့ နေရာအရပ်ရပ်က ကျူးမိသားစုတွေအတွက် သဒ္ဓါငွေကြေးနည်းများမဆိုပါဝင်လှူဒါန်းပေးနိုင်ဖို့ရည်ရွယ်ပြီး တင်ဆက်ပေးလိုက်ပါတယ်။ လှူဒါန်းချင်သူတွေအတွက် ဝေဠုကျော်ဖောင်ဒေးရှင်းရဲ့ အလှူလက်ခံ Account တွေဖြစ်တဲ့ 09455500010 (U Soe Thein) (K Pay) 09455500014 09776089484 (Wave Acc) စတာတွေကနေ လှူဒါန်းပေးနိုင်ပါတယ်။ အလှူရှင်တွေစိတ်ချမ်းသာပြီး ကိုယ်ကျန်းမာကြပါစေ။

Photo Credit - Wai Lu Kyaw Foundation's FB Acc
Photo Credit - Wai Lu Kyaw Foundation's FB Acc
Photo Credit - Wai Lu Kyaw Foundation's FB Acc
Photo Credit - Wai Lu Kyaw Foundation's FB Acc

သတင်း အရင်းအမြစ်Wai Lu Kyaw Foundation's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T