ရေးမြို့ အထက (၁) ကျောင်းရဲ့ မုဒ်ဝမျက်နှာစာမှာ ဆေးသပိတ်ပြုလုပ်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ကျောင်းသားကျောင်းသူများ

//s9.kh1.co/99/99b4491dd3069880cd8a756d7500cefb25a4c958.png
နေ့စဉ်သတင်းများ

 ၁၄-မေ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

မွန်ပြည်နယ်ရေးမြို့မှာလည်း စစ်အာဏာရှင်တော်လှန်ရေး ဆန့်ကျင်ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပါတယ်။ အသက်အန္တရာယ်ရှိလာပြီးနောက်ပိုင်းမှာတော့ အရင်လိုလူစုလူဝေးမလုပ်တော့ဘဲ ဘေးအကင်းဆုံး နည်းလမ်းနဲ့ မိမိတို့ရဲ့ကိုယ်ပိုင်ဆန္ဒကို ထုတ်ဖော်ခဲ့ကြပါတယ်။ ဒီနေ့မှာလည်း ရေးမြို့ အထက (၁) ကျောင်းရဲ့ မုဒ်ဝမျက်နှာစာမှာ စစ်အာဏာရှင်တော်လှန်ရေးနဲ့ အာဏာရှင်လက်အောက်က ပညာရေးစနစ်ကို လက်မခံကြောင်းအပြင် ဒီပညာရေးစနစ်အောက်မှာ ပညာမဆည်းပူးလိုကြောင်း ရင်ထဲကစကားလုံးတွေကို ဆေးနဲ့ပုံဖော်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

Photo Credit - ရေးမြို့နယ် ကျောင်းသားများသမဂ္ဂ - Ye Students’ Union

ကျောင်းရဲ့မျက်နှာစာမှာ ဆေးတွေနဲ့ရေးသားထားတဲ့ စာသားတွေဟာ ကျောင်းသားတွေရဲ့ ဆန္ဒအစစ် အမှန်ပါပဲ။ " အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း " ဆိုတဲ့ မုဒ်ဦးအပါအဝင် ကျောင်းတံခါးဝမှာ ကပ်ထားတဲ့ စာတွေကိုလည်း ဆေးမှုတ်ကာ ဆန္ဒပြခဲ့ကြပါတယ်။ ဒီအကြောင်းကို ရေမြို့ကျောင်းသား သမဂ္ဂက " ရေးမြို့ အထက (၁) ကျောင်း ၏ မုဒ်ဝ မျက်နှာစာ တွင် စစ်ကျွန်ပညာရေးစနစ် အလိုမရှိကြောင်း ဆေးသပိတ် ပြုလုပ်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ငါတို့ကျောင်းကို စစ်ကောင်စီနှင့် စစ်ကျွန်ပညာရေး ဖော်ဆောင်လိုသူများ လုံးဝမပိုင်ဆိုင်စေရ၊ လုံးဝအုပ်ချုပ်ခွင့်မရစေရ။ လုံးဝအုပ်ချုပ်ခွင့် မရစေရ။ ရေးမြို့နယ် ကျောင်းသားများသမဂ္ဂပြန်ကြားရေး " ဆိုပြီး တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Credit - ရေးမြို့နယ် ကျောင်းသားများသမဂ္ဂ - Ye Students’ Union
Photo Credit - ရေးမြို့နယ် ကျောင်းသားများသမဂ္ဂ - Ye Students’ Union
Photo Credit - ရေးမြို့နယ် ကျောင်းသားများသမဂ္ဂ - Ye Students’ Union
Photo Credit - ရေးမြို့နယ် ကျောင်းသားများသမဂ္ဂ - Ye Students’ Union

ကျောင်းသားတွေရဲ့ " ကျောင်းမတက်နဲ့ ကျောင်းပျက် " တော်လှန်ရေးဟာ အတော်လေးကို အောင်မြင်ပြီးထိရောက်လွန်းပါတယ်။ ရုပ်မြင်သံကြားကနေ ကျောင်းသားတွေကျောင်းတက်ဖို့ တိုက်တွန်းတဲ့စာတွေလွှင့်ခဲ့ပေမယ့်လည်း အရာမရောက်ခဲ့ပါဘူး။ မူလတန်းကျောင်းကနေ တက္ကသိုလ်ကျောင်းအထိ ကျောင်းမတက်သူဦးရေအတော်လေးများနေတာကြောင့် ကျောင်းဖွင့်ပေမယ့်လည်း ကျောင်းရဲ့လုပ်ငန်းစဉ် တော်တော်များများဟာ ရပ်တန့်နေခဲ့ပါတယ်။

Photo Credit - ရေးမြို့နယ် ကျောင်းသားများသမဂ္ဂ - Ye Students’ Union
Photo Credit - ရေးမြို့နယ် ကျောင်းသားများသမဂ္ဂ - Ye Students’ Union

သတင်း အရင်းအမြစ်ရေးမြို့နယ် ကျောင်းသားများသမဂ္ဂ - Ye Students’ Union

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T