ဘဝမှာ မိဘပိုက်ဆံမပါဘဲ ကိုယ်တိုင်ရှာဖွေထားတဲ့အနုပညာကြေးဖြင့် ဝယ်ယူထားသော သူ့ရဲ့ကားလေးကိုထုတ်ပြလာတဲ့ နေဒွေး

//s9.kh1.co/bb/bb660ee1059961342399a3143415e81ef54bf83b.jpeg
အနုပညာရှင်များ

 ၁၄-မေ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်အားပေးမှုတွေကို အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် နေဒွေးကတော့ အနုပညာလောကမှာ နေရာတစ်နေရာရရှိလာအောင်  ကြိုးစားလျှောက်လှမ်းလာခဲ့တာ ဖြစ်ပါတယ်။ တစ်ဆင့်ပြီး တစ်ဆင့်ကြိုးစားနေရင်းအနုပညာလောကမှာ အောင်မြင်မှုတွေ ရရှိလာပြီး  နောက်တစ်ဆင့်အနေနဲ့ စီးပွားရေးလုပ်ငန်းများကိုပါ ချဲ့ထွင်လုပ်ကိုင်နေပြီပဲ  ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဆန်ရောင်းဝယ်ရေးလုပ်ငန်းအပြင် သူ့ခြံထဲမှ ထွက်ရှိတဲ့ အော်ဂဲနစ်စိန်တစ်လုံးသရက်သီးတွေကို အလှပန်းခြင်းများဖြင့် ထုတ်ပိုးကာ ရောင်းချပေးနေတာ ဖြစ်ပါတယ်။

Photo Crd-Nay Dway’s Facebook Account
Photo Crd-Nay Dway’s Facebook Account
Photo Crd-Nay Dway’s Facebook Account
Photo Crd-Nay Dway’s Facebook Account

ရရှိတဲ့ အမြတ်ငွေများဖြင့်လည်း မိခင်ဖြစ်သူကိုအမြဲအပ်ကာ ပြုစုစောင့်ရှောက် နေတာ ဖြစ်ပါတယ်။ အမေတစ်ခု သားတစ်ခုဖြစ်တာကြောင့်  မိခင်ဖြစ်သူကို ဘယ်သွားသွား အမြဲခေါ်သွားပြီး စိတ်ချမ်းသာအောင်ထားတဲ့ သားလိမ္မာလေးဖြစ်တာကြောင့် အခုလို လုပ်ငန်းတွေ အောင်မြင်နေတာ ဖြစ်ပါတယ်။မကြာသေးခင် လပိုင်းလောက်ကလည်း သူ့ရဲ့ချွေးနည်းစွာငွေများဖြင့် မိခင်ဖြစ်သူရဲ့ မွေးနေ့အတွက် သိန်းရာကျော်တန်ဖိုးရှိတဲ့ မော်ဒယ်မြင့် ကားသစ်တစ်စီးကိုလက်ဆောင်ဝယ်ပေးခဲ့ပါသေးတယ်။ သူ့ရဲ့ လှုပ်ရှားမှုတွေကိုလည်း  ပရိသတ်တွေကို အမြဲဝေမျှပေးလေ့ရှိပြီး  မကြာသေးခင် နာရီပိုင်းလောက်ကလည်း  နေဒွေးရဲ့ Facebook Story တွင် ပုံလေးတစ်ပုံ တင်ထားတာ ဖြစ်ပါတယ်။

Photo Crd-Nay Dway’s Facebook Account
Photo Crd-Nay Dway’s Facebook Account
Photo Crd-Nay Dway’s Facebook Account
Photo Crd-Nay Dway’s Facebook Account
Photo Crd-Nay Dway’s Facebook Account
Photo Crd-Nay Dway’s Facebook Account

ဒါကတော့ ဘဝမှာ မိဘပိုက်ဆံမပါဘဲ ကိုယ်တိုင်ရှာဖွေထားတဲ့အနုပညာကြေးဖြင့် ဝယ်ယူထားတဲ့ သူ့ရဲ့ကားလေးကိုထုတ်ပြလာတာ ဖြစ်ပါတယ်။ နေဒွေးဝယ်ယူထားတဲ့ ကားအမျိုးအစားကတော့ Toyota Mark X  2011 မော်ဒယ်ဖြစ်ပြီး ကာလပေါက်ဈေးအနေနဲ့ သိန်း ၄၀၀ ကျော်တန်တယ်လို့ သိရှိရပါတယ်။ မိဘကိုကျေးဇူးသိတတ်တဲ့ သားလိမ္မာလေးနေဒွေးတစ်ယောက် အမြဲကံကောင်းခြင်းတွေ ရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Nay Dway’s Facebook Account 

Photo Crd-Nay Dway’s Facebook Account
Photo Crd-Nay Dway’s Facebook Account
Photo Crd-Nay Dway’s Facebook Account
Photo Crd-Nay Dway’s Facebook Account
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T