ဖြိုခွင်းမှုတွေကြားကနေပဲ လမ်းမကြီးထိတက်ကာ လူအင်အားများစွာနဲ့ တက်တက်ကြွကြွ လှုပ်ရှားခဲ့ကြတဲ့ မန္တလေးက ပြည်သူများ

//s9.kh1.co/75/75f36a8517103a3b17e7d494e91fffdd2785b19b.jpeg
နေ့စဉ်သတင်းများ

 ၁၄-မေ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

......

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ (၁)ရက်နေ့ကစပြီး ရုတ်တရက် ဖြစ်ပေါ်လာတဲ့ အခြေအနေ တစ်ရပ်ကြောင့် ပြည်သူလူထုကြီးက စည်းလုံးညီညွှတ်စွာနဲ့ ဒီမိုကရေစီပြန်လည် ရရှိရေးအတွက် လမ်းမတွေထက်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဒီလူထုလှုပ်ရှားမှုကြီးကိုလည်း နွေဦးတော်လှန်ရေးကြီးလို့ အမည်ပေးထားခဲ့ပါတယ်။ လူထုလှုပ်ရှားမှုကြီးဟာ ဒီနေ့ထိ အချိန်အတော်ကြာအောင် အားကောင်းနေခဲ့တာလည်း ပြည်သူတွေရဲ့ စည်းလုံးညီညွတ်မှုနဲ့ မလျော့သော ဇွဲ ၊ လုံ့လတွေကြောင့်ဆိုလည်း မမှားပါဘူး ။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ယခု ရက်ပိုင်းတွေမှာဆိုရင်လည်း အမြို့မြို့၊ အနယ်နယ်မှာ နေထိုင်ကြတဲ့ ပြည်သူတွေက လမ်းပေါ်ထွက်ပြီး လှုပ်ရှားမှုတွေကို နေပူမရှောင် မိုးရွာမရှောင် အင်တိုက်အားတိုက် ဆက်လက် ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် အခြားသော campaign မျိုးစုံကိုလည်း တညီတညွတ်တည်း လုပ်ဆောင်ကြတာကိုလည်းတွေ့မြင်ရပါတယ်။ ပြည်သူတွေကတော့ ဘယ်တော့မှ သွေးမအေးကြောင်းကို ပုံသဏ္ဌာန် အစုံနဲ့ ဖော်ပြနေကြဆဲပါ။

Photo Credit: Original Uploder 
Photo Credit: Original Uploder 

ယနေ့ မေလ (၁၄) ရက်နေ့မှာလည်း မန္တလေးရဲ့ လမ်းမကြီးထက်မှာ ပြည်သူများ စုပေါင်းပြီး မန္တလေး အခြေစိုက် တကသ သပိတ်စစ်ကြောင်းကို ချီတက်လှုပ်ရှားခဲ့ကြပါတယ်။ မန္တလေးရဲ့ ပူပြင်းလွန်းတဲ့ အပူဒဏ်ကို အံတုကာ အားမာန်အပြည့်နဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ မန္တလေးမြို့ကြီးရဲ့ သပိတ်တွေကတော့ တစ်ရက်ထက်တစ်ရက် အရှိန်အဟုန်ကောင်းလာတာကို တွေ့မြင်ရပြီး ပြည်သူတွေရဲ့ သတ္တိကို လေးစား ချီးကျူးမိတာအမှန်ပါပဲ။ ပရိသတ်ကြီးအတွက် မန္တလေး အခြေစိုက် သပိတ်စစ်ကြောင်း ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T