အလုပ်နားထားရတဲ့ ပြည်သူ့ဝန်ထမ်းမိသားစုလေးဖြစ်တာကြောင့် စားဝတ်နေရေးအတွက် ရိုးရိုးသားသား စျေးရောင်းနေတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/33/334d0d17dfba1128a323318d95cf85ddc6aa059c.jpg
နေ့စဉ်သတင်းများ

 ၁၄-မေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

အလုပ်နားထားရတဲ့ ပြည်သူ့ဝန်ထမ်းမိသားစုလေးဖြစ်တာကြောင့် စားဝတ်နေရေးအတွက် ရိုးရိုးသားသား စျေးရောင်းနေတဲ့ ပြည်သူတစ်ဦး

နေ့စဥ်ရက်ဆက် တစ်ရက်မှမနားဘဲ လူထုလှုပ်ရှားမှုပြုလုပ်နေကြတဲ့ ပြည်သူတွေကတော့ (၃)လကျော်အတွင်းမှာပဲ ပြောင်းလဲမှုဒဏ်တွေကို ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ် ။ ဒီလိုအခြေအနေတွေကြောင့် စားဝတ်နေရေး အခက်အခဲတွေနဲ့ ကြုံတွေ့နေရတဲ့သူတွေရှိသလို အလုပ်တွေနားထားရလို့ ဝမ်းရေးအတွက် နည်းလမ်းမျိုးစုံနဲ့ ကြိုးစားရှာဖွေနေတဲ့သူတွေလည်း ရှိနေတာ ဖြစ်ပါတယ် ။ ပြည်သူ့ဝန်ထမ်း မိသားစုတွေကလည်း ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ပြီး တိုင်းပြည်အတွက် အဆုံးအစွန်အထိ တာဝန်ကျေနေတာ ဖြစ်ပါတယ် ။

Photo Credit-Zin Min Htun's FB Acc
Photo Credit-Zin Min Htun's FB Acc
Photo Credit-Zin Min Htun's FB Acc
Photo Credit-Zin Min Htun's FB Acc

ပြီးခဲ့တဲ့ရက်ပိုင်းက လူမှုကွန်ယက်စာမျက်နှာထက်မှာ ပြည်သူတစ်ဦးက စျေးရောင်းနေတဲ့ Post တစ်ခု တင်ခဲ့တာ ဖြစ်ပါတယ် ။ သူကတော့ "အဖေက စျေးရောင်းပါတယ် အမေကမှီခိုပါ....ကျွန်တော်တို့က အိမ်ငှားနေရပါတယ် မီးရထား CDM ဝန်ထမ်းပါ စားဝတ်နေရေးအတွက် ကျွန်တော် အသီးအနှံလေးရောင်းချင်ပါတယ် အားပေးကြပါအုံးခင်ဗျာ။" ဆိုပြီး ပြည်သူတွေကို အသိပေးထားတာ ဖြစ်ပါတယ် ။ အလုပ်နားထားတာကြောင့် စားဝတ်နေရေးအတွက် ရှာဖွေရတော့မယ့် သူတို့မိသားစုလေးက အသီးအနှံတွေအပြင် မုန့်လင်မယားတွေပါပြုလုပ်ပြီး ရောင်းချနေတာလည်း ဖြစ်ပါတယ် ။

Photo Credit-Zin Min Htun's FB Acc
Photo Credit-Zin Min Htun's FB Acc
Photo Credit-Zin Min Htun's FB Acc
Photo Credit-Zin Min Htun's FB Acc

သူတို့မိသားစုလေးကတော့ အရင်းအနှီး များများစားစား မရှိတာကြောင့် လောလောဆယ်ရှိတာလေးနဲ့ပဲ တစ်ပိုင်တစ်နိုင် ရောင်းချနေတာဖြစ်ကြောင်း ပြောထားတာပဲ ဖြစ်ပါတယ် ။ ပြည်သူတွေအနေနဲ့ကလည်း သူတို့ဆီကနေ မုန့်လင်မယားဖြစ်ဖြစ် သရက်သီးဖြစ်ဖြစ် ဝယ်ယူအားပေးလို့ရကြောင်း ပြောပြထားပြီး ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ကိုပါ ဖော်ပြပေးထားတာ ဖြစ်ပါတယ် ။ ဒါ့အပြင်ရန်ကင်း၊ တောင်ဥက္ကလာ၊ မြောက်ဒဂုံနဲ့တာမွေမြို့နယ်တွေကို အိမ်အရောက်ပို့ပေးနိုင်ပြီး ပို့ခကိုလည်း အဆင်ပြေသလိုပေးနိုင်ကြောင်း ရေးသားထားပါသေးတယ်။

Source & Photo Credit-Zin Min Htun's FB Acc

Photo Credit-Zin Min Htun's FB Acc
Photo Credit-Zin Min Htun's FB Acc
Photo Credit-Zin Min Htun's FB Acc
Photo Credit-Zin Min Htun's FB Acc
Photo Credit-Zin Min Htun's FB Acc
Photo Credit-Zin Min Htun's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T