ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုတွေရရှိထားကြတဲ့ ဇာတ်ပို့သရုပ်ဆောင် အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ နှိုင်းယှဉ်မြင့်မိုရ်ကတော့ ပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်နေသူပါပဲ..။
နှိုင်းယှဉ်မြင့်မိုရ်ကတော့ တော်လှန်ရေးတိုက်ပွဲကြီးမှာ တတ်နိုင်သလောက်ပါဝင်အားဖြည့်ကာ လှူဒါန်းမှုတွေလည်း ပြုလုပ်သလို ကျဆုံးသွားကြတဲ့ သူရဲကောင်းတွေအတွက်လည်း ဖေးမကူညီတာလည်း တွေ့ရပါတယ်..။
နှိုင်းယှဉ်ကတော့ တော်လှန်ရေးတိုက်ပွဲကြီးမှာ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ပြည်သူတွေအပြင် အသက်ပေးသွားကြတဲ့ အစ္စလာမ်သူရဲကောင်းတွေအတွက်လည်း ဒီကနေ့မှာ ဆုတောင်းစကားတွေ ဆိုလာပါတယ်..။
ကျဆုံးသွားကြတဲ့ သူရဲကောင်းအစ္စလာမ် ဘာသာဝင်များကို အီဒ်း ရက်မြတ်အခါ မှာ အစ္စလာမ်သာဘာဝင်တွေရဲ့ ထုံးစံအတိုင်း အလ္လာရှင်တော်မြတ်စောင့်ရှောက်ပါစေ ဆိုပြီး သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ သတိတရနဲ့ ဆုမွန်ကောင်း တောင်းပေးထားတာ ဖြစ်ပါတယ်..။
"နွေဦးတော်လှန်ရေးတွင်အသက်ပေးသွားကြသောသူရဲကောင်း အစ္စလာမ် ဘာသာဝင် များကို ယနေ့ကျရောက်သော အီဒ်း ရက်မြတ်အခါ မှာ အစ္စလာမ်သာဘာဝင်များ၏ ထုံးစံအတိုင်း အလ္လာရှင်တော်မြတ်စောင့်ရှောက်ပါစေ???.." ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်..။
တော်လှန်ရေးတိုက်ပွဲကြီးမှာ ကျဆုံးသွားကြတဲ့ အစ္စလာမ်ဘာသာဝင်ပြည်သူတွေအတွက် ဆုတောင်းပေးထားတဲ့ နှိုင်းယှဉ်မြင့်မိုရ်ရဲ့ပို့စ်ကို ပရိသတ်တွေကလည်း အားပေးဆုတောင်းထားကြတာ တွေ့ရပါတယ်..။
သတင်း အရင်းအမြစ်៖ Nhying Shin's Fb Acc