ယနေ့ မေလ( ၁၄)ရက်နေ့မှာ Twitterမှာပျံ့နှံ့နေတဲ့ မြန်မာနိုင်ငံအနှံ့အပြားရှိဆန္ဒထုတ်ဖော်နေမှုမြင်ကွင်းပုံရိပ်များ

//s9.kh1.co/6d/6d88ae5765adb839b16b678aa5a5b63c460f31bc.jpg
နေ့စဉ်သတင်းများ

 ၁၄-မေ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ယနေ့ မေလ ၁၄ ရက်နေ့မှာဆိုရင်လည်း twitter မှာ မြန်မာနိုင်ငံအနှံ့အပြားဆန္ဒထုတ်ဖော်နေတဲ့ သတင်းတွေနဲ့ ပုံတွေ ပျံ့နှံံ့နေတာကိုတွေ့ရတာဖြစ်ပါတယ်။ ရန်ကုန်မြို့အတွင်းမှာလည်း မနက်အရုဏ်ဦးအချိန်တွေမှာသာမက မွန်းလွဲပိုင်းအချိန်တွေအထိပါ ပြောက်ကျားပုံစံနဲ့ဆန္ဒထုတ်ဖော်‌နေကြပြီးအခြားသော မြို့တွေမှာလည်း အမျိုးမျိုးသော ပုံစံတွေနဲ့ ဆန္ဒထုတ်ဖော်နေတာကို တွေ့ရပါတယ်.....။

Photo credit-Twitter
Photo credit-Twitter
Photo credit-Twitter
Photo credit-Twitter

အနုပညာရှင်တွေနဲ့ သတင်းထောက်အတော်များများကလည်း Twitterကနေတစ်ဆင့် လတ်တလောဖြစ်ပေါ်နေတဲ့လူထုလှုပ်ရှားမှုသတင်းအကြောင်းအရာတွေကို စဉ်ဆက်မပြတ်တင်ပေးနေကြတာလည်းဖြစ်ပြီး Twitterအသုံးပြုသူများအနေနဲ့လည်း မြန်မာနိုင်ငံအနှံ့မှာဖြစ်ပေါ်နေတဲ့ လှုပ်ရှားမှုပုံရိပ်တွေနဲ့ ဖြိုခွင်းမှုအကြောင်းအရာတွေကို တောက်လျှောက်တင်ပေးနေတာဖြစ်ပါတယ်....။

Photo credit-Twitter
Photo credit-Twitter
Photo credit-Twitter
Photo credit-Twitter

မြန်မာပြည်သူတွေရဲ့ အခုလို social media platformsကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေခြင်းကြောင့်လည်း မြန်မာမှာသာမက ကမ္ဘာအထိပါလတ်တလောဖြစ်ပျက်နေတဲ့ သတင်းအကြောင်းအရာတွေကို ချက်ချင်းသိမြင်နေကြတာပါ။ ယနေ့မှာဆိုရင်လည်း ဖိနှိပ်ချုပ်ချယ်မှုတွေကြားကနေ ဒီမိုကရေစီလိုလားနေကြတဲ့ လူထုကြီးဟာ မြန်မာနိုင်ငံအနှံ့အပြားမှာဆက်လက်ဆန္ဒထုတ်ဖော်နေကြတာပဲဖြစ်ပါတယ်။ ဆန္ဒပြပုံရိပ်တွေဟာဆိုရင်လည်း Twitterမှာချက်ချင်းပျံ့နှံ့လာခဲ့တာဖြစ်တာကြောင့် ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်နော်.....။

Photo credit-Twitter
Photo credit-Twitter
Photo credit-Twitter
Photo credit-Twitter

သတင်း အရင်းအမြစ်Twitter

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T